တမန်တော်ဝတ္ထု 26:7
ယုဒလူတဆယ်နှစ်မျိုးတို့သည် နေ့ညဉ့်မပြတ် ကြိုးစား၍ ဘုရားဝတ်ပြုသဖြင့်၊ ထိုဂတိတော်အတိုင်းခံရ မည်ဟု မြော်လင့်ခြင်းရှိကြ၏။ အိုအဂြိပ္ပမင်းကြီး၊ ထိုမြော်လင့်ခြင်းတရားကို အကြောင်းပြု၍ ယုဒလူတို့ သည် အကျွန်ုပ်ကို အမှုလုပ်ကြပါ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Ezra 6:17ထိုအိမ်တော်၏ အနုမောဒနာပွဲတွင် နွားတရာ၊ သိုးထီးနှစ်ရာ၊ သိုးသငယ်လေးရာကို၎င်း၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးအလိုက် အမျိုးသားအပေါင်းတို့၏ အပြစ် ဖြေရာ ယဇ်တည်းဟူသော ဆိတ်ထီးတဆယ် နှစ်ကောင် ကို၎င်း၊ ယဇ်ပူဇော်ကြ၏။
Psalms 134:1ထာဝရဘုရား၏ အိမ်တော်၌ ညဉ့်ယံစောင့် သော ထာဝရဘုရား၏ ကျွန်တော်အပေါင်းတို့၊ ထာဝရ ဘုရားကို ကောင်းကြီးပေးကြလော့။
Matthew 19:28ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောအခါ၊ ငါ့နောက်သို့လိုက်ကြသောသင်တို့သည် တဆယ်နှစ်ခု သော ပလ္လင်ပေါ်မှာထိုင်လျက်၊ ဣသရေလ လူတဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတံ့။
Luke 2:36အာရှာအမျိုးဖြစ်သော ဖနွေလ၏သမီး၊ အန္နအမည်ရှိသော ပရောဖက်မတယောက်ရှိ၏။ သူသည် ပျိုသောအရွယ်မှစ၍ ခုနစ်နှစ်သောလင်နှင့် နေပြီးလျှင်၊
Luke 22:30သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်သောအခွင့်ကို၎င်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတဆယ်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကို၎င်း၊ ငါသည် သင်တို့အား ပေးမည်ဟု မိန့်တော်မူ၏။
Acts 26:2အဂြိပ္ပမင်းကြီး၊