တမန်တော်ဝတ္ထု 27:10
အချင်းလူတို့၊ ယခုမှာပင်လယ်ကူးလျှင် သင်္ဘော နှင့်ကုန်များတို့သည် ဆုံးရှုံးသည်သာမက၊ ငါတို့ အသက် ပျက်စီးရာသော ဘေးအန္တရာယ်ရောက်မည်ကို ငါထင်မြင်သည်ဟု သတိပေး၏။
1835 Judson Burmese Bible
In The King James Version
In Context
9ကာလကြာသည်ရှိသော်၊ ကြီးစွာသောဥပုသ်နေ့လွန်၍ ပင်လယ်မကူးသင့်သောလဥတုအချိန်ဖြစ်သည် ကို ပေါလုသည် ထောက်၍၊
11သို့သော်လည်း၊ တပ်မှူးသည်ပေါလုစကားကို နားမထောင်ဘဲ၊ တက်မကိုင်စကားနှင့်သင်္ဘောသူကြီး စကားကိုနားထောင်၏။
Cross References
Genesis 41:38ဖါရောမင်းက၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို ရ၍ ဤကဲ့သို့သော သူကို အဘယ်မှာ ရှာ၍ တွေ့မည် နည်းဟု ကျွန်တော်မျိုးတို့အား မိန့်တော်မူ၏။
Psalms 25:14ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသော အခွင့်ရှိကြ၏။
Amos 3:7အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။
Acts 27:31ပေါလုက၊ ဤသူတို့သည် သင်္ဘောပေါ်၌ မနေလျှင် သင်တို့သည် ချမ်းသာမရနိုင်ကြဟု တပ်မှူးမှ စ၍ စစ်သူရဲတို့အား ဆို၏။
Acts 27:41ရေဆိုင်ရာသို့ရောက်လျှင်၊ သင်္ဘောကို သောင်ပေါ်မှာ တင်စေ၍ ဦးမလှုပ်ဘဲနေသဖြင့် ပဲ့ကိုလှိုင်းတံပိုး ရိုက်သောကြောင့် ကျိုး၏။