တမန်တော်ဝတ္ထု 27:33
မိုဃ်းလင်းလုသောအခါ အစာကိုစားစေခြင်းငှါ ပေါလုသည် လူအပေါင်းတို့ကိုတိုက်တွန်းလျက်၊ သင်တို့ သည် တဆယ်လေးရက်ပတ်လုံး မြော်လင့်၍ ယနေ့ တိုင်အောင်အစာမစားဘဲ ငတ်မွတ်လျက်နေကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
32ထိုအခါ စစ်သူရဲတို့သည် သမ္မန်ကြိုးကို ခုတ်ဖြတ် ၍ ချလိုက်ကြ၏။
34ထိုကြောင့်အစာစားကြလော့။ စားလျှင်ချမ်းသာ ရခြင်းအကြောင်း ဖြစ်လိမ့်မည်။
Cross References
Esther 4:16ရှုရှန်မြို့၌ရှိသော ယုဒလူ အပေါင်းတို့ကို စုဝေးစေခြင်းငှါသွားပါ။ နေ့ညဉ့်မပြတ် သုံးရက်ပတ်လုံး မစားမသောက်ဘဲနေ၍၊ အကျွန်ုပ်အဘို့ အစာရှောင်ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ်သည် လည်း ကျွန်မတို့နှင့်တကွ အစာရှောင်ခြင်းအကျင့်ကို ကျင့်ပါမည်။ ထိုနောက် အာဏာတော်ကို ဆန်ရသော် လည်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မည်။ သေလျှင် အသေခံ ပါမည်ဟု မော်ဒကဲအား ပြန်ပြောစေခြင်းငှါ မှာလိုက် သမျှအတိုင်း၊ မော်ဒကဲသည် သွား၍ပြုလေ၏။
Acts 9:19ထိုနောက်ရှောလုသည် ဒမာသက်မြို့၌ရှိသော တပည့်တော်တို့ နှင့်အတူ ကာလအတန်အရာနေ၍၊