တမန်တော်ဝတ္ထု 28:31
အဘယ်သူမျှမမြစ်တားဘဲ၊ ဘုရားသခင်၏ နိုင်ငံတော် အကြောင်းကိုအတည့်အလင်းဟောပြော၍၊ သခင်ယေရှုခရစ်၏ အကြောင်းများကို သွန်သင်ပြသလျက်နေ၏။ ရှင်လုကာစီရင်ရေးထားသောတမန်တော်ဝတ္ထုပြီး၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Matthew 4:23ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင်အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။
Luke 8:1ထိုနောက်မှ ကိုယ်တော်သည် မြို့ရွာအစဉ်အတိုင်း ဒေသစာရီလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော် နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။
Acts 4:31ထိုသို့ဆုတောင်းပဌနာပြုပြီးမှ၊ စုဝေးသော အရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်း သော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲ့ရင့်စွာဟော ပြောကြ၏။
Acts 8:12ဖိလိပ္ပုသည် ဘုရားသခင်၏နိုင်ငံတော်၌၎င်း၊ ယေရှုခရစ်၏ နာမတော်နှင့်၎င်း စပ်ဆိုင်သော ဧဝံဂေလိ တရားကို ဟောပြော၍ ထိုသူတို့သည် ယုံကြည်သော အခါ၊ ယောက်ျားမိန်းမတို့သည် ဗတ္တိဇံကို ခံကြ၏။
Acts 23:11နက်ဖြန့်နေ့ညဉ့်တွင် သခင်ဘုရားသည် ပေါလု အနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မစိုးရိမ်နှင့်။ ငါ၏ အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌ လည်းခံရလေ ဦးမည်ဟု မိန့်တော်မူ၏။
Ephesians 6:19ငါသည် ဧဝံဂေလိတရားကြောင့် သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံလျက်၊