တမန်တော်ဝတ္ထု 28:4
ထိုလူရိုင်းတို့သည်မြင်လျှင်၊ ဤလူကား၊ လူ အသက်ကို သတ်သောသူ အမှန်ဖြစ်၏။ ပင်လယ်ဘေးမှ လွတ်သော်လည်း၊ အသက်ရှင်စေခြင်းငှါ တရားသည် အခွင့်မပေးဟု အချင်းချင်းဆိုကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
5ပေါလုသည်မြွေကို မီးထဲသို့ခါချ၍ အဘယ် ဘေးမျှမသင့်။
Cross References
Genesis 3:1မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်သကာတို့ထက် လိမ္မာသည် ဖြစ်၍၊ မိန်းမအား သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရား သခင်မိန့်တော်မူသလောဟု မေး၏။
Genesis 9:5အကယ်၍ သင်တို့အသက်တည်းဟူသော၊ သင်တို့ အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်း တို့၌ ငါတောင်းမည်။ ခပ်သိမ်းသော လူတို့၏ ညီအစ်ကို၌ လူ၏အသက်ကို ငါတောင်းမည်။
Numbers 35:31အသေခံထိုက်သော လူသတ်၏ အသက်ဘိုးငွေ ကို မခံမယူရ။ သူသည် အသေသတ်ခြင်းကို အမှန် ခံရမည်။
Isaiah 13:21တောသားရဲတို့သည် ထိုမြို့၌ အိပ်ကြလိမ့်မည်။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့် ရှိကြလိမ့်မည်။ ကုလားအုပ်ငှက်တို့လည်း နေရာကျ၍၊ မျောက်တို့လည်း ကခုန်ကြလိမ့်မည်။
Isaiah 43:20မြေခွေးနှင့် ကုလားအုပ်ငှက်မှစ၍၊ တောသားရဲ တို့သည် ငါ၏ဂုဏ်ကျေးဇူးကို ချီးမွမ်းကြလိမ့်မည်။ အကြောင်းမူကား၊ ငါရွေးကောက်သောသူ၊ ငါ၏လူတို့ သောက်စရာဘို့ တော၌ရေများကို၎င်း၊ လွင်ပြင်၌ မြစ်တို့ကို၎င်း ငါပေးမည်။
Matthew 23:35ထို့ကြောင့် ဖြောင့်မတ်သော အာဗေလ၏အသွေးမှစ၍၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင်၏ အကြား ၌ သင်တို့သတ်ကြသော ဗာရခိသားဇာခရိ၏အသွေးတိုင်အောင် မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော် ကောင်းတို့၏အသွေးသည် သင်တို့ ခေါင်းပေါ်သို့ ရောက်လိမ့်မည်။