တမန်တော်ဝတ္ထု 4:13
ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့၏ ရဲရင့် ခြင်းသတ္တိကို မြင်၍၊ လူတတ်မဟုတ်၊ လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံ့ဩ၍နေကြ၏။ ထိုသူနှစ် ယောက်တို့သည် အထက်ကယေရှုနှင့်အတူ ရှိသည်ကို သတိရ၍၎င်း၊
1835 Judson Burmese Bible
In The King James Version
In Context
14အနာကင်းလွတ်သော သူသည် ထိုသူတို့နှင့် အတူ ရှိနေသည်ကို မြင်၍၎င်း၊ ငြင်းခုံဆိုဘွယ်ရာ မရှိမတွေ့ကြ။
Cross References
Matthew 4:18ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ပေတရုဟူ၍ခေါ်ဝေါ်သော ရှိမုန်နှင့်အန္ဒြေ၊ ညီအစ်ကို နှစ်ယောက်တို့သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊
Matthew 26:57ကိုယ်တော်ကို ဘမ်းဆီးသောသူတို့သည် ကျမ်းပြုဆရာ၊ လူအကြီးအကဲများစည်းဝေးရာ ယဇ်ပုရော ဟိတ်မင်း ကယာဖထံသို့ ဆောင်သွားကြ၏။
Matthew 26:73ထို့နောက် များမကြာ ထိုအရပ်၌ရပ်နေသော သူတို့သည် ပေတရုအနီးသို့လာ၍၊ အကယ်စင်စစ် သင်သည်လည်း ထိုသူတို့အဝင်ဖြစ်၏။ သင့်စကားသည် သင့်အကြောင်းကို ထင်ရှားစေ၏ဟု ဆိုကြလျှင်၊
Luke 22:52ထိုအခါ အထံတော်သို့ရောက်လာသော ယဇ်ပုရောဟိတ်အကြီး၊ ဗိမာန်တော်မှူး၊ လူအကြီးအကဲတို့ အား ယေရှုက၊ သင်တို့သည် ထားပြကို ဘမ်းသကဲ့သို့ ငါ့ကို ဘမ်းအံ့သောငှါ ထားနှင့် ဒုတ်များကို လက်စွဲလျက် လာကြသည်တကား။
John 7:15ယုဒလူတို့သည် အံ့ဩ၍၊ ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟုဆိုကြ၏။
John 18:16ပေတရုမူကားပြင်၌ တံခါးနားမှာရပ်နေ၏။ ထိုကြောင့် ယဇ်ပုရာဟိတ်မင်းနှင့်အကျွမ်းဝင်သော တပည့် တော်သည်ထွက်၍ တံခါးစောင့်မိန်းမအားပြောပြီးမှ ပေတရုကိုသွင်းလေ၏။