တမန်တော်ဝတ္ထု 4:17
သို့သော်လည်း လူများအထဲ၌သာ၍ မနှံ့မပြား စေခြင်းငှါ၊ နောက်တဖန် ထိုနာမကို အမှီပြုလျက် အဘယ်သူကိုမျှ မဟောမပြောနှင့် ဟူ၍ သူတို့ကို ကျပ်တည်းစွာ ခြိမ်းချောက်ကြကုန်အံ့ဟု အချင်းချင်းတိုင် ပင်ပြီးမှ၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Chronicles 25:15ထာဝရဘုရားသည် အာမဇိကို အမျက်ထွက်၍၊ ပရောဖက်ကို စေလွှတ်တော်မူသည်ကား၊ မိမိလူတို့ကို ရန်သူလက်မှ မကယ်နိုင်သော တပါးအမျိုးသား ဘုရား တို့ကို အဘယ်ကြောင့်ဆည်းကပ်သနည်းဟုပြောဆိုလျှင်၊
Isaiah 30:8သင်သည်ယခုသွား၍ သူတို့ရှေ့မှာသင်ပုန်း၌ ရေးထားရသောအချက်၊ နောင်ကာလ အစဉ်အဆက် တည် စေခြင်းငှါ၊ စာစီ၍ မှတ်သားရသော အချက်ဟူမူ ကား၊
Jeremiah 29:25ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါ၏နာမကို အမှီပြု၍၊ ယဇ်ပုရောဟိတ်မာသေယသား ဇေဖနိအစရှိသော ယဇ်ပုရောဟိတ်များတို့နှင့် ယေရုရှလင်မြို့သား ရှိသမျှတို့ကို စာပေးလိုက်၍၊
Daniel 2:34ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ်၊ လက်ဖြင့် မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက်တလုံးသည် သံနှင့်သရွတ်ဖြစ်သော ရုပ်တု၏ခြေကို ထိခိုက်၍ ချိုးဖဲ့ သည်ရှိသော်၊
Amos 7:12အာမုတ်ကိုလည်းခေါ်၍၊ အိုပရောဖက်၊ ယုဒပြည်သို့ ပြေးသွားလော့။ ထိုပြည်မှာ ပရောဖက်ပြု၍ အသက်မွေးလော့။
Matthew 27:64ထိုကြောင့် သူ၏တပည့်တို့သည် ညအခါလာ၍ အလောင်းကိုခိုးယူပြီးလျှင်၊ သူသည် သေခြင်းမှ ထ မြောက်တော်မူပြီဟု လူအပေါင်းတို့အား ပြောဆိုကြသော်၊ ရှေ့အမှားထက် နောက်အမှားသာ၍ ကြီးမည်ဟု စိုး ရိမ်စရာ အကြောင်းရှိသည်ဖြစ်၍၊ သင်္ချိုင်းတွင်းကို သုံးရက်မြောက်အောင် လုံခြုံစွာစောင့်စိမ့်သောငှါ အမိန့် ရှိတော်မူပါဟု လျှောက်ကြလျှင်၊