တမန်တော်ဝတ္ထု 5:12
တမန်တော်တို့သည်လည်း လူများရှေ့မှာ နိမိတ် လက္ခဏာ၊ အံ့ဘွယ်သော အမှုအရာများကိုပြုကြ၏။ ထိုသူအပေါင်းတို့သည် ရှေလမုန်ကနားပြင်၌ တညီ တညွတ်တည်း နေကြသဖြင့်၊
1835 Judson Burmese Bible
In The King James Version
In Context
13ကြွင်းသော သူတစုံတယောက်မျှ မပေါင်းဘော် ဝံ့သော်လည်း၊ လူများတို့သည် ကောင်းကြီးပေးကြ၏။
Cross References
Mark 16:17ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား၊ ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတံ့။ ထူးခြားသောဘာသာစကားမျိုးတို့ကို ပြောကြလတံ့။
John 10:23ယေရှုသည် ဗိမာန်တော်နားမှာ ရှောလမုန် ကနားပြင်၌ စင်္ကြံသွားတော်မူစဉ်တွင်၊
Acts 2:42ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌာနပြုခြင်းတို့ကို အမြဲဆောင်ရွက်၍နေကြ၏။
Acts 3:6ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ။ ရှိသည်အရာကိုသင့်အားငါပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့်ထ၍ လှမ်းသွားလော့ဟုဆိုလျက်၊
Acts 4:30အနာရောဂါငြိမ်းစေခြင်းငှါ လက်တော်ကို ဆန့်တော်မူ၍၊ သန့်ရှင်းသော သားတော်ယေရှု၏ နာမ တော်အားဖြင့် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ဖြစ်စေတော်မူစဉ်တွင်၊ ကိုယ်တော်၏ ကျွန်တို့ သည် နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောပါမည် အကြောင်း ကယ်မတော် သနားတော်မူပါဟု ဆုတောင်း ကြ၏။
Acts 9:33ထိုအရပ်၌ အဲနေအမည်ရှိသော တုံးလုံးနေ သော သူတယောက်ကိုတွေ့လျှင်၊ အဲနေ၊ ယေရှုခရစ်သည် သင့်အားချမ်းသာပေးတော်မူ၏။