တမန်တော်ဝတ္ထု 5:30
သင်တို့သည် သစ်တိုင်၌ဆွဲ၍ ကွပ်မျက်သော ယေရှုကို ငါတို့ ဘိုးဘေးများ၏ ဘုရားသခင်သည် ထမြောက်စေတော်မူပြီ။
1835 Judson Burmese Bible
In The King James Version
The God of our fathers raised up Jesus, whom ye slew and hanged on a tree.
In Context
29ပေတရုနှင့် အခြားသော တမန်တော်တို့ကလည်း၊ လူ၏စကားထက်ဘုရားသခင်၏ စကားကို နားထောင်သင့်ပါ၏။
Cross References
1 Chronicles 29:18အကျွန်ုပ်တို့ ဘိုးဘေးအာဗြဟံ၊ ဣဇာက်၊ ဣသ ရေလတို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏ လူတို့သည် ဤအမှုအရာများကို၊ အစဉ်အောက်မေ့စွဲလမ်း သော စိတ်သဘောရှိမည်အကြောင်း၊ သူတို့စိတ်နှလုံး သည် ကိုယ်တော်ဘက်၌ တည်ကြည်မည်အကြောင်း ကယ်မသနားတော်မူပါ။
Luke 1:55အာဗြဟံမှစသောသူ၏အမျိုးအနွယ်အား သနားခြင်းကျေးဇူးတော်ကို အစဉ်အမြဲပြုခြင်းငှါ သတိထား ၍ မိမိကျွန် ဣသရေလကို မစတော်မူပြီဟုဆို၏။
Acts 2:22ဣသရေလလူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သင်တို့ သိကြသည့်အတိုင်း နာဇရက်မြို့သား ယေရှုသည် ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင်ပြုရသောအခွင့်နှင့် ဘုရားသခင်ပေးတော်မူသောသက်သေကို ရသောသူဖြစ်၍၊
Acts 3:13အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့၏ဘုရားသခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိ သားတော်၏ ဘုန်းကိုထင်ရှားစေတော်မူပြီ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်းလက်သို့အပ်နှံ၍၊ ထိုမင်းသည် လွှတ်မည်အကြံရှိသော်လည်း သင်တို့သည် ထိုသခင်ကိုငြင်းပယ်ကြ၏။
Acts 4:10သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်၍၊ ဘုရားသခင်သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျန်းမာလျက် ရှိသည်ကို သင်တို့မှစ၍ ဣသရေလလူအပေါင်းတို့ သိမှတ်ကြလော့။
Acts 13:28ကိုယ်တော်၌သေထိုက်သောအပြစ် တစုံတခုကို မျှ မတွေ့သော်လည်း၊ ကွပ်မျက်စေမည်အကြောင်း ပိလတ်မင်းထံ၌ တောင်းလျှောက်ကြ၏။