တမန်တော်ဝတ္ထု 5:36
အကြောင်းမူကား၊ အထက်က သုဒအမည် ရှိသောသူတယောက် သည်ထသဖြင့်၊ ငါသည်လူ သာမည မဟုတ်ဟု ဆိုသည်ဖြစ်၍၊ သူ၌ လူလေးရာမျှ လောက်ဆည်းကပ်ကြ၏။ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်၍ သူ့ကိုယုံကြည်သမျှသော သူတို့သည် ကွဲပြား ပျောက်ပျက်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
35ဣသရေလ လူတို့၊ ဤသူတို့အား အဘယ်သို့ပြုမည်အရာကို သတိနှင့်ဆင်ခြင်ကြလော့။
Cross References
Matthew 24:26ထို့ကြောင့် သူတို့ကခရစ်တော်သည် တော၌ရှိသည်ဟုဆိုသော်လည်း မထွက်မသွားကြနှင့်။ တိုက်ခန်း၌ ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။
Acts 21:38သင်သည်အထက်ကပုန်ကန်၍ ထားပြလေးထောင်တို့ကို တောသို့ခေါ်သွားသော အဲဂုတ္တုလူဖြစ်သည် မဟုတ်လောဟု မေး၏။
Galatians 6:3အကြင်သူသည်ဘာမျှမဟုတ်ဘဲလျက်၊ ဤမျှလောက်ငါဖြစ်သည်ဟုစိတ်ထင်လျှင်၊ ထိုသူသည် ကိုယ်ကို လှည့်ဖြားသောသူဖြစ်၏။
2 Peter 2:2သူတို့ညစ်ညှုးသော အကျင့်ဓလေ့တို့ကို အများသောသူတို့သည် လိုက်သောအားဖြင့် သမ္မာတရားလမ်း အသရသည် ပျက်စီးလိမ့်မည်။
Jude 1:16ထိုသူတို့သည် မြည်တမ်း၏ အပြစ်တင်တတ်သောသူ၊ ကိုယ်တပ်မက်ခြင်းအတိုင်း ကျင့်တတ်သောသူ၊ ထောင်လွှားသော စကားကိုပြောတတ်သောသူ၊ ကိုယ်အကျိုးစီးပွားကြောင့် သူ့မျက်နှာကို ထောက်ထား ခန့်ညားတတ်သော သူဖြစ်ကြ၏။
Revelation 17:5နဖူး၌အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသော အရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည်တန်ဆာတို့၏ အမိ ၊ မြေ၌ စက်ဆုပ်ရွံ့ရှာဘွယ်သော အရာတို့၏ အမိပေတည်း။