တမန်တော်ဝတ္ထု 8:22
ထိုကြောင့်သင်၌ ယခုဆိုးညစ်သောအမှုကို နောင်တရလော့။ သင်၏စိတ်နှလုံး၌ကြံစည်ခြင်းအပြစ်ကို လွှတ်ကောင်းလွှတ်လိမ့်မည် ဖြစ်၍၊ ဘုရားသခင်ကို တောင်းပန်လော့။
1835 Judson Burmese Bible
In The King James Version
In Context
23သင်သည်ခါးစွာသောသည်းခြေစွဲသည်ဖြစ်၍၊ ဒုစရိုက်အနှောင် အဖွဲ့နှင့်မလွတ်ကြောင်းကို ငါသိမြင် သည်ဟုဆို၏။
Cross References
Deuteronomy 4:29သို့သော်လည်း၊ ထိုအရပ်တို့၌ သင်တို့၏ဘုရား သခင် ထာဝရဘုရားကို တဖန်ရှာလိုသောအခါ၊ စိတ်နှလုံး အကြွင်းမဲ့ရှာလျှင် တွေ့ရကြလိမ့်မည်။
2 Chronicles 33:12ထိုသို့မနာရှေသည် ဆင်းရဲဒုက္ခကို ခံရသော အခါ၊ မိမိဘုရားသခင် ထာဝရဘုရားကို တောင်းပန်၍၊ ဘိုးဘေးတို့၏ ဘုရားသခင့်ရှေ့မှာ ကိုယ်ကို အလွန် နှိမ့်ချလျက်၊
Daniel 4:27သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အကျွန်ုပ်စကားကို နာယူတော်မူပါ။ တရားသော အမှုကိုပြုခြင်း၊ ဆင်းရဲ သောသူတို့ကို သနားခြင်းအားဖြင့် ဒုစရိုက်အပြစ်တို့ကို ပယ်ဖြတ်တော်မူပါ။ ထိုသို့ပြုလျှင်၊ ချမ်းသာရကောင်း ရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏။
Amos 5:6ထာဝရဘုရားကို ရှာကြလော့။ ရှာလျှင် အသက်ချမ်းသာရကြလိမ့်မည်။ သို့မဟုတ်လျှင်၊ ယောသပ်အမျိုး အပေါ်မှာ မီးကဲ့သို့တက်၍၊ အဘယ်သူမျှ မငြိမ်းနိုင်အောင် ဣသရေလအမျိုးကို လောင်စေတော်မူမည်။
Jonah 1:6သင်္ဘောသူကြီးသည် လာ၍၊ အိုအိပ်ပျော်သော သူ၊ အဘယ်သို့နည်း။ ထလော့။ သင်၏ဘုရားကို ဆုတောင်း လော့။ ငါတို့အသက်လွတ်စေခြင်းငှါ ထိုဘုရားသည် ငါတို့ ကို အောက်မေ့ကောင်း အောက်မေ့လိမ့်မည်ဟု ဆို၏။
Matthew 7:7တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။