တမန်တော်ဝတ္ထု 8:31
ထိုအမတ်ကလည်း၊ သွန်သင်ပဲ့ပြင်သော သူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်းဟု ဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပုတက်၍ထိုင်နေ ပါမည်အကြောင်း တောင်းပန်၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Kings 5:26ဧလိရှဲက၊ ထိုလူသည်သင့်ကို ကြိုဆိုအံ့သောငှါ၊ ရထားပေါ်မှ လှည့်သောအခါ၊ ငါ့စိတ်ဝိညာဉ်သည် သင်နှင့်အတူ မလိုက်သလော။ ငွေကိုခံယူချိန်ရှိသလော။ အဝတ်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုးနွား၊ ကျွန် ယောက်ျား၊ ကျွန်မိန်းမကို သိမ်းယူချိန်ရှိသလော။
Psalms 25:8ထာဝရဘုရားသည် ကောင်းသောသဘော၊ ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အပြစ်ရှိသောသူတို့ကို လမ်းပြတော်မူ၏။
Psalms 73:22မိုက်သောသူ၊ ပညာမဲ့သောသူဖြစ်ပါ၏။ ရှေ့ တော်၌ တိရစ္ဆာန်ကဲ့သို့ဖြစ်ပါ၏။
Isaiah 29:18ထိုကာလ၌ နားပင်းသောသူတို့သည် ကျမ်းစ ကားကို ကြားကြ လိမ့်မည်။ မျက်စိကန်းသောသူတို့သည် မြှေးရှက်ခြင်း၊ မှောင်မိုက်ခြင်းနှင့် ကင်းလွတ်၍ မြင်ကြ လိမ့်မည်။
Matthew 18:3ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မ ရောက်ရကြ။
Romans 10:14သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ ပဌနာ ပြုနိုင်မည်နည်း။ သိတင်းမကြားလျှင် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း။