တမန်တော်ဝတ္ထု 9:1
ရှောလုသည်ကား၊ သခင်ဘုရား၏ တပည့်တော် တို့တဘက်၌ ခြိမ်းချောက်၍၊ အသေသတ်ခြင်းငှါ ပြင်းစွာအသက်ရှုသဖြင့်၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Psalms 27:12မမှန်သောသက်သေကို ခံသောသူတို့နှင့် ညှဉ်း ဆဲခြင်းငှါ၊ ပြင်းစွာ အသက်ရှူသော သူတို့သည် အကျွန်ုပ် တဘက်၌ ထကြသည်ဖြစ်၍၊ ရန်သူတို့အလိုသို့ အကျွန်ုပ် ကို အပ်နှံတော်မမူပါနှင့်။
Acts 8:3ရှောလုသည် အသင်းတော်ကိုဖျက်ဆီးလေ၏။ အိမ်များသို့ ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင်၍ ထောင်ထဲ၌လှောင်ထား တတ်၏။
Acts 22:3ပေါလုကလည်း၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့၌ မွေးဘွားသော ယုဒလူဖြစ်ပါ၏။ ဤမြို့မှာ လည်း၊ ဂေါမလျေလအမည် ရှိသော ဆရာ၏ ခြေရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်တဆက်ကျင့်သော တရားကို သေချာစွာသိနားလည်ခြင်းငှါ နည်းဥပဒေသကိုခံပါပြီ။ သင်တို့ ရှိသမျှသည်ယနေ့တိုင်အောင် ဘုရားသခင်ဘက် ၌ စိတ်အားကြီးသည် နည်းတူ၊ အကျွန်ုပ်လည်း စိတ်အားကြီးသဖြင့်၊
1 Corinthians 15:9ငါသည် အထက်ကဘုရားသခင်၏ အသင်းတော်ကို ညှဉ်းဆဲသောကြောင့်၊ အညံ့ဆုံးသော တမန် တော်ဖြစ်၏။ တမန်တော်ဟု ခေါ်ဝေါ်ခြင်းကို မခံထိုက်။
Philippians 3:6စိတ်အားကြီးခြင်းကို မေးသော်၊ ငါသည် အသင်းတော်ကို ညှင်းဆဲသောသူဖြစ်၏။ ပညတ်တရား အားဖြင့်ရသော ဖြောင့်မတ်ခြင်းကို မေးပြန်သော်၊ ငါသည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူဖြစ်၏။