တမန်တော်ဝတ္ထု 9:24
ထိုအကြံအစည်ကို ရှောလုသည်သိ၏။ သူ့ကို သတ်အံ့သောငှါ မြို့တံခါးတို့ကို နေ့ညဉ့်မပြတ် စောင့်ကြ သောကြောင့်၊
1835 Judson Burmese Bible
In The King James Version
But their laying await was known of Saul. And they watched the gates day and night to kill him.
In Context
23ကာလကြာမြင့်ပြီးမှ၊ ရှောလုကိုသတ်အံ့သောငှါ၊ ယုဒလူတို့ သည်အချင်းချင်းတိုင်ပင်ကြ၏။
25တပည့်တော်တို့သည် ညဉ့်အခါသူ့ကိုယူ၍ တောင်း၌ ထည့်ပြီးလျှင် မြို့ရိုးပေါ်က လျှော့ချကြ၏။
Cross References
Psalms 21:11အကြောင်းမူကား၊ ကိုယ်တော်တဘက်၌ မကောင်းသော အကြံကိုကြံစည်၍၊ မကောင်းသော ပရိယာယ်ကို ပြုကြပါပြီ။ သို့ရာတွင် အကြံမထမြောက် ကြပါ။
Proverbs 24:15အိုမတရားသောသူ၊ ဖြောင့်မတ်သောသူ၏ အိမ် ကို ချောင်း၍ မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။
Acts 14:5မင်းအရာရှိတို့နှင့်ယုဒအမျိုးသား၊ တပါးအမျိုးသားတို့သည် တမန်တော်တို့ကို ညှဉ်းဆဲ၍ ကျောက်ခဲနှင့် ပစ်မည်ဟုတဟုန်တည်း ပြေး လာကြသည်အကြောင်းကို၊
Acts 20:3သုံးလနေပြီးလျှင် ပင်လယ်ကိုကူး၍ ရှုရိပြည်သို့ သွားမည်ပြုသော်၊ ယုဒလူတို့သည် မကောင်းသောအကြံ ကို ကြံသောကြောင့်၊ မာကေ ဒေါနိပြည်လမ်းဖြင့် ပြန်မည်ဟု အကြံရှိပြန်၏။
Acts 23:12မိုဃ်းလင်းသောအခါ ယုဒလူတို့သည် သင်းဖွဲ့၍၊ ငါတို့သည် ပေါလုကိုမသတ်မှီတိုင်အောင် အလျှင်းမစား မသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြ၏။
Acts 25:3ပေါလုကို သတ်ခြင်းငှါ လမ်းနား၌ ချောင်း၍ နေမည်ဟုအကြံရှိသည်နှင့်၊ ပေါလု၏အကြောင်းကို ကြားလျှောက်တောင်းပန်၍၊ သူ့ကို ယေရုရှလင်မြို့သို့ စေလွှတ်တော်မူမည်အကြောင်း အသနားတော်ခံကြ၏။