Amos 1:14
ရဗ္ဗာမြို့ရိုးကို မီးရှို့၍ ဘုံဗိမာန်တို့ကို လောင်စေမည်။ စစ်တိုက်သောနေ့၌ အော်ဟစ်ခြင်း၊ မိုဃ်းသက် မုန်တိုင်းရောက်သောနေ့၌ လွင့်သွားခြင်း ရှိလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 3:11အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန်ရှင်ဘုရင် ဩဃတယောက်တည်းသာ ကျန်ကြွင်း ၏။ လူအတောင်အားဖြင့် အလျားကိုးတောင်၊ အနံလေး တောင်ရှိသော သူ၏ သံခုတင်သည် အမ္မုန်ပြည် ရဗ္ဗတ်မြို့ ၌ ရှိသည်မဟုတ်လော။
2 Samuel 12:31မြို့သားတို့ကိုလည်း ထုတ်ဆောင်၍ လွှတိုက်မှု၊ သံထွန်၊ သံပုဆိန်နှင့်အလုပ်မှုကို လုပ်စေ၍ အုတ်ဖို၌ လည်း ကျင်လည်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန်မြို့သူ ရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့်အတူ ယေရုရှင်လင်မြို့သို့ ပြန်လေ၏။
Psalms 83:15ထိုနည်းတူ၊ မိုဃ်းသက်မုန်တိုင်းတော်အားဖြင့် သူတို့ကိုညှဉ်းဆဲ၍၊ ပြင်းစွာသော လေတော်အားဖြင့် ချောက်လှန့်တော်မူပါ။
Isaiah 30:30ထာဝရဘုရားသည်လည်း ဘုန်းကြီးသောအသံ တော်ကို လွှတ်တော်မူလိမ့်မည်။ လက်ရုံးတော် သက် ရောက်ခြင်း၊ ပြင်းစွာအမျက်ထွက်ခြင်း၊ မီးလျှံလောင်ခြင်း၊ မိုဃ်းသီးပါလျက်၊ မိုဃ်းသက်မုန်တိုင်းများတို့ကို ပြတော် မူလိမ့်မည်။
Ezekiel 21:25အချင်းဆိုးယုတ်သော အဓမ္မ ဣသရေလ မင်းသား၊ အဓမ္မအမှုကြောင့်ဆုံးရှုံးရသောကာလ ရောက် သောအခါ၊ သင်၏အချိန်ကာလသည် ရောက်လိမ့်မည်။
Daniel 11:40အမှုကုန်ရသည်ကာလ၌ တောင်ရှင်ဘုရင်သည် ထိုမင်းကို တိုက်လိမ့်မည်။ မြောက်ရှင်ဘုရင်သည်လည်း ရထားများ၊ မြင်းစီးသူရဲများ၊ သင်္ဘောများတို့နှင့်တကွ လေးဘွေကဲ့သို့ တိုက်လာလျက်၊ ထိုပြည်တို့ကို ဝင်၍ ချင်းနင်းလွှမ်းမိုးလိမ့်မည်။