Amos 1:6
တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဂါဇမြို့သည် ချုပ်ထားသောသူအပေါင်းတို့ကို ဧဒုံမင်း၌ အပ်ခြင်းငှါ သိမ်းသွားသောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
1835 Judson Burmese Bible
In The King James Version
In Context
7ဂါဇမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကို လောင်စေမည်။
Cross References
2 Chronicles 21:16ထိုနောက်မှ၊ ထာဝရဘုရားသည် ဖိလိတ္တိလူ၊ ကုရှပြည်နှင့်နီးသော အာရပ်လူတို့ကို၊ ယဟောရံမင်း တဘက် နှိုးဆော်တော်မူသဖြင့်၊
2 Chronicles 28:18ဖိလိတ္တိလူတို့သည်လည်း၊ နိုင်ငံအောက်ပိုင်းနှင့် ယုဒပြည်တောင်ပိုင်း၌ ရှိသောမြို့တို့ကိုတိုက်၍၊ ဗက်ရှေ မက်မြို့၊ အာဇလုန်မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့ရွာ၊ တိမနာမြို့ရွာ၊ ဂိမဇောမြို့ရွာများကို ယူ၍နေရာ ချကြ၏။
Jeremiah 47:1ဖာရောဘုရင်သည် ဂါဇမြို့ကို မလုပ်ကြံမှီ၊ ဖိလိတ္တိအမျိုးသားတို့ကို ရည်မှတ်၍၊ ပရောဖက် ယေရမိသို့ရောက်လာသော နှုတ်ကပတ်တော်အားဖြင့်၊
Ezekiel 25:15တဖန် ဖိလိတ္တိလူတို့သည် အငြိုးထား၍ မနာလို သောစိတ်အားကြီးသည်နှင့် ဒေါသအလိုကုပြည့်စုံစွာ ပြု၍၊ ရှင်းရှင်းဖျက်ဆီးခြင်းငှါ အပြစ်ဒဏ် ပေးသော ကြောင့်၊
Joel 3:6ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို နေရင်း ပြည်မှ အဝေးသို့ ပြောင်းစေလိုသောငှါ၊ ဟေလသ အမျိုးသားတို့အား ရောင်းလိုက်သောကြောင့်၎င်း၊
Amos 1:9တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ တုရုမြို့သည် ညီအစ်ကိုချင်းဖွဲ့သောမိဿဟာယကို မစောင့်၊ ချုပ်ထားသော သူအပေါင်းတို့ကို ဧဒုံမင်း၌အပ်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ် မပေးဘဲမနေ။