Amos 1:7
ဂါဇမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကို လောင်စေမည်။
1835 Judson Burmese Bible
In The King James Version
But I will send a fire on the wall of Gaza, which shall devour the palaces thereof:
In Context
Cross References
Deuteronomy 32:35အပြစ်တရားကို စီရင်ရသော အခွင့်၊ အပြစ်နှင့် အလျောက်ဆပ်ပေးရသော အခွင့်ကို ငါပိုင်၏။ အချိန် တန်မှ သူတို့ခြေသည် ချော်လိမ့်မည်။ သူတို့၌ ဘေး ရောက်သောအချိန်နီးပြီ။ သူတို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။
2 Kings 18:8ဖိလိတ္တိလူတို့ကိုတိုက်၍ ဂါဇမြို့နယ်တိုင်အောင် ခိုင်ခံ့သောမြို့များနှင့် ကင်းစောင့်သောမျှော်စင်များကို လုပ်ကြံလေ၏။
Psalms 75:7ဘုရားသခင်သည် စီရင်ပိုင်တော်မူ၏။တယောက် ကို နှိမ့်ချ၍၊ တယောက်ကို ချီးမြှောက်တော် မူ၏။
Jeremiah 25:18ထိုလူမျိုးများဟူမူကား၊ ယနေ့ရှိသည်အတိုင်း လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ ကျိန်ဆဲ ရာဖြစ်စေခြင်းငှါ၊ သောက်ရသော ယေရုရှလင်မြို့သူ၊ ယုဒပြည်သား၊ ယုဒရှင်ဘုရင်များ၊ မှူးမတ်များ၊
Amos 1:4ဟာဇေလမင်းမျိုးအပေါ်သို့ မီးကိုလွှတ်၍၊ ဗင်္ဟာဒဒ်မင်း၏ဘုံဗိမာန်တို့ကို လောင်စေမည်။
Zechariah 9:5ထိုအမှုကို အာရှကေလုန်မြို့သည် မြင်၍ ကြောက်လိမ့်မည်။ ဂါဇမြို့သည် မြင်၍ အလွန်တုန်လှုပ် လိမ့်မည်။ ဧကြုန်မြို့လည်း မြော်လင့်၍ အရှက်ကွဲသော ကြောင့် ထိုအတူဖြစ်လိမ့်မည်။ ဂါဇမင်းကြီးသည် ဆုံးလိမ့် မည်။ အာရှကေလုန်မြို့သည်လည်း အစိုးမရ။