Amos 2:8
ပေါင်ထားသောအဝတ်ကို ခပ်သိမ်းသော ယဇ်ပလ္လင်တို့အနား၌ ခင်း၍အိပ်သောအပြစ်၊ လျော်ပြစ် ငွေကို ဝယ်သောစပျစ်ရည်ကို သူတို့ဘုရား၏အိမ်၌ သောက်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 22:25ငါ့လူဖြစ်သော ဆင်းရဲသား အိမ်နီးချင်းအား သင်သည် ငွေကို ချေးလျှင်၊ အတိုးစားသော သူကဲ့သို့ သူ၌မပြု၊ အတိုးကို မတောင်းရ။
Deuteronomy 24:12ထိုသူသည် ဆင်းရဲလျှင်၊ ပေါင်၍ထားသော ဥစ္စာကို ပြန်မအပ်ဘဲ ညဉ့်ကိုမလွန်စေရ။
Isaiah 57:7မြင့်လှသော တောင်ကြီးပေါ်မှာ သင်၏ခုတင် ကို ထားပြီလျှင်၊ ထိုအရပ်သို့တက်၍ ယဇ်ပူဇော်တတ်၏။
Ezekiel 18:12ဆင်းရဲငတ်မွတ်သော သူကို ညှဉ်းဆဲခြင်း၊ သူ့ဥစ္စာကို အနိုင်အထက်လုယူခြင်း၊ ပေါင်ထားသော ဥစ္စာကို ပြန်၍မပေးဘဲနေခြင်း၊ ရုပ်တုကို ဖူးမျှော်ခြင်း၊ ရွံ့ရှာဘွယ်သော အမှုကိုပြုခြင်း၊
Hosea 4:8ငါ့လူတို့၏ အပြစ်ဖြေရာ ယဇ်တို့ကို စားလျက် နှင့်ပင်၊ ထိုအပြစ်ကို စိတ်စွဲလမ်းတတ်ကြ၏။
Amos 6:4ဆင်စွယ်ခုတင်ပေါ်မှာ အိပ်၍ မွေ့ရာပေါ်မှာလျောင်းခြင်း၊ သိုးစုထဲက သိုးသငယ်တို့ကို၎င်း၊ နွားတင်း ကုပ်ထဲက နွားသငယ်တို့ကို၎င်း ယူ၍စားခြင်း၊