Amos 3:1
အိုဣသရေလအမျိုးသားတို့၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော အမျိုးသားအပေါင်းတို့၊ သင်တို့ကို ရည်မှတ်၍ ငါထာဝရဘုရား မိန့်တော်မူသောစကားကို နားထောင်ကြလော့။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Chronicles 16:13ထာဝရဘုရား၏ကျွန် ဣသရေလအမျိုး၊ ရွေးကောက်တော်မူသော ယာကုပ်အနွှယ်တို့၊
Isaiah 46:3အိုယာကုပ်အမျိုးသားတို့၊ ငါ့စကားကို နား ထောင်ကြလော့။ ကျန်ကြွင်းသော ဣသရေလအမျိုးသား အပေါင်းတို့၊ ဘွားစကပင် သင်တို့ကို ငါထမ်းလေပြီ။ အမိ ဝမ်းထဲမှစ၍ ငါဆောင်ရွက်လေပြီ။
Jeremiah 8:3ငါနှင်လိုက်ရာအရပ်ရပ်၌ ကျန်ကြွင်း၍၊ ဆိုးယုတ်သော ဤအမျိုးသားတို့သည် အသက်ကို အလိုမရှိ။ သေခြင်းကို အလိုရှိ၍ ရွေးချယ်ရကြလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
Jeremiah 33:24ထာဝရဘုရား ရွေးကောက်သော လူမျိုးနှစ်မျိုး ကို တဖန်ပယ်တော်မူပြီဟု ဤလူတို့ပြောတတ်သော စကားကို သင်သည်ဆင်ခြင်ပြီလော။ ထိုသို့သူတို့သည် ငါ၏လူမျိုးကို လူမျိုး ကဲ့သို့မမှတ်၊ မထီမဲ့မြင်ပြုကြပြီ။
Hosea 4:1အိုဣသရေလအမျိုးသားတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့နှင့် တရားတွေ့မူရှိတော်မူ၏။ အကြောင်းမူကား၊ သူတို့သည် သစ္စာမရှိ၊ ကရုဏာမရှိ၊ ဘုရားသခင်ကို မသိကြ။
Amos 2:10သင်တို့ကို အဲဂုတ္တုပြည်မှနှုတ်ယူ၍ အာမောရိပြည်ကို ဝင်စားစေခြင်းငှါ၊ အနှစ်လေးဆယ်ပတ်လုံး တော၌ ပို့ဆောင်ပြီ။