Amos 3:14
အကယ်စင်စစ် ဣသရေလအမျိုး၏ အပြစ်တို့ကို စစ်ကြောသောနေ့၌၊ ဗေသလယဇ်ပလ္လင်တို့ကို ငါစစ် ကြောလျက်၊ ယဇ်ပလ္လင်ဦးချိုတို့ကိုဖြတ်၍ မြေပေါ်သို့ချမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Kings 13:2ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ယဇ်ပလ္လင်တဘက်၌ ကြွေးကြော်လျက်၊ အိုယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဒါဝိဒ်မင်း မျိုး၌ ယောရှိအမည်ရှိသော သူကို ဘွားမြင်လိမ့်မည်။ သင့်အပေါ်မှာ နံ့သာပေါင်းကို မီးရှို့၍၊ မြင့်သောအရပ်၌ ယဇ်ပုရောဟိတ်လုပ်သောသူတို့ကို ထိုသူသည် သင့် အပေါ်မှာပူဇော်၍၊ လူသေအရိုးတို့ကို မီးရှို့လိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
2 Kings 23:15ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် ၏သား ယေရောဗောင်သည်၊ ဗေသလမြို့၌တည်သော ကုန်းနှင့် ယဇ်ပလ္လင်ကိုလည်း ဖြိုချ၍ မီးရှို့ပြီးမှ ညက် ညက်ခြေတော်မူ၏။ အာရှရပင်ကိုလည်း မီးရှို့တော်မူ၏။
2 Chronicles 34:6ထိုအတူ မနာရှေခရိုင်၊ ဧဖရိမ်ခရိုင်၊ ရှိမောင် ခရိုင်၊ နဿလိခရိုင် တိုင်အောင်၊ အရပ်ရပ်မြို့များတို့၌ ပေါက်တူးနှင့်လုပ်လျက်၊
Hosea 10:8ဣသရေလပြစ်မှားရာ အာဝင်မြို့ကုန်းတို့သည် ပြိုကျ၍၊ ဆူးပင်အမျိုးမျိုးတို့သည် သူတို့ ယဇ်ပလ္လင်များကို လွှမ်းမိုးကြလိမ့်မည်။ မြို့သားတို့ကလည်း၊ အိုတောင်များ တို့၊ ငါတို့ကို ဖုံးအုပ်ကြပါ။ အိုကုန်းများတို့၊ ငါတို့အပေါ်၌ ကျကြပါဟု ခေါ်ကြလိမ့်မည်။
Amos 5:5ဗေသလမြို့ကို မရှာကြနှင့်။ ဂိလဂါလမြို့သို့မဝင်ကြနှင့်။ ဗေရရှေဘမြို့သို့ မသွားကြနှင့်။ အကြောင်းမူကား၊ ဂိလဂါလမြို့သည် ဆက်ဆက်သိမ်းသွားခြင်းကို ခံရလိမ့်မည်။ ဗေသလမြို့သည်လည်း၊ အကျိုးနည်း ရှိရလိမ့်မည်။
Amos 9:1တဖန် ငါကြည့်ရှု၍ ဘုရားရှင်သည် ယဇ်ပလ္လင်ပေါ်မှာ ရပ်လျက်မိန့်တော်မူသည်ကား၊ ရှိသမျှသောသူ တို့၏ ခေါင်းပေါ်သို့ တံခါးတိုင်လှုပ်၍ ပြိုကျစေခြင်းငှါ တံခါးထုပ်ကို ရိုက်လော့။ သူတို့သားမြေးများကိုလည်း ထားနှင့် ငါကွပ်မျက်မည်။ ပြေးသောသူသည် မလွတ်ရ။ လွတ်သောသူသည်လည်း ချမ်းသာကို မတွေ့ရ။