Amos 4:12
သို့ဖြစ်၍၊ အိုဣသရေလအမျိုး၊ အထက်က ပြုသကဲ့သို့ သင်တို့၌ငါပြုဦးမည်။ ထိုသို့ပြုမည်ဖြစ်သော ကြောင့်၊ အိုဣသရေလအမျိုး၊ သင်၏ဘုရားသခင်နှင့် တွေ့ခြင်းငှါ ကိုယ်ကိုပြင်ဆင်လော့။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Isaiah 47:3သင်သည် အဝတ်အချည်းစည်းရှိ၍၊ အရှက် ကွဲခြင်းကို ခံရမည်။ ငါသည် အပြစ်ဒဏ်ကို ပေးမည်။ အဘယ်သူနှင့်မျှ မိဿဟာယမဖွဲ့။
Ezekiel 22:30ထိုပြည်ကို ငါမဖျက်ဆီးစေခြင်းငှါ ကွယ်ကာ သောသူ၊ မြို့ရိုးပျက် ပေါ်မှာရပ်၍ ဆီးတားသောသူ တယောက်ကိုမျှ ငါရှာ၍မတွေ့။
Amos 2:14အပြေးကောင်းသောသူသည် ပြေးသောအခွင့်ကို မရ။ ခွန်အားကြီးသောသူသည် မိမိခွန်အားကို ထုတ်ရ သောအခွင့်မရှိရ။ သူရဲသည် ကိုယ်ကို မကယ်လွှတ်ရ။
Amos 5:4ထာဝရဘုရားသည် ဣသရေလအမျိုးအား မိန့်တော်မူသည်ကား၊ ငါ့ကို ရှာကြလော့။ ရှာလျှင်အသက် ချမ်းသာရကြလိမ့်မည်။
Matthew 5:25တရားတွေ့ဘက်နှင့်အတူ လမ်း၌သွားစဉ်တွင်ပင်၊ သူ၏စိတ်ကို ပြေစေခြင်းငှါ အလျင်အမြန်ပြုလော့။ သို့မဟုတ် တရားတွေ့ဘက်သည် တရားသူကြီး၌ အပ်မည်။ တရားသူကြီးသည်လည်း လုလင်ခေါင်း၌အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။
Mark 13:32ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတပါးအဘယ်သူမျှမသိ။ ကောင်းကင်တမန်များမသိ။ သားတော် လည်းမသိ။