Amos 4:6
ငါသည်လည်း၊ သင်တို့မြို့ရွာရှိသမျှတို့၌ သွားတို့၏ စင်ကြယ်ခြင်းကို၎င်း၊ သင်တို့နေရာအရပ်ရှိသမျှတို့၌ အစာခေါင်းပါးခြင်းကို၎င်းပေးသော်လည်း၊ သင်တို့သည် ငါ့ထံသို့ပြန်၍ မလာကြဟုထာဝရဘုရားမိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Leviticus 26:26သင်တို့၏ အစာအာဟာရ အထောက်အပင့်ကို ငါ ပယ်ရှားသောအခါ၊ မိန်းမတကျိပ်တို့သည် သင်တို့၏ မုန့်ကို မီးဖိုတဖို၌ ဖုတ်ပြီးမှ၊ ထိုမုန့်ကို ချိန်ပေးသဖြင့် သင်တို့သည် ဝစွာမစားရကြ။
Ruth 1:1တရားသူကြီးအုပ်စိုးသောကာလ၊ တရံရောအခါဣသရေလပြည်၌ အစာအာဟာရခေါင်းပါး၍ယုဒပြည် ဗက်လင် မြို့သား တယောက်သည်၊ မယားနှင့်သားနှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှါ သွား၏။
1 Kings 18:2ဧလိယသည် အာဟပ်မင်းအား ကိုယ်ကိုပြအံ့ သောငှါသွား၏။ ထိုအခါ ရှမာရိမြို့၌ပြင်းစွာသော အစာအာဟာရခေါင်းပါးခြင်းဘေးရှိ၍၊
2 Kings 6:25ကြာမြင့်စွာဝိုင်းထားသောကြောင့်၊ ရှမာရိမြို့၌ အလွန်အစာခေါင်းပါး၍၊ မြည်းခေါင်းတလုံးကို ငွေ ရှစ်ဆယ်နှင့်၎င်း၊ ပဲကြမ်းတပြည်ကို ငွေငါးကျပ်နှင့်၎င်း ရောင်းရ၏။
2 Chronicles 28:22အာခတ်မင်းကြီးသည် ဆင်းရဲဒုက္ခခံရသော အခါ၊ ထာဝရဘုရားကို သာ၍ပြစ်မှား၏။
Isaiah 9:12ရှေ့၌ကား ရှုရိလူ၊ နောက်၌ကား ဖိလိတ္တိလူတို့ သည် ပစပ်ဟ၍၊ ဣသရေလအမျိုးကို ကိုက်စားကြ လိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။