Amos 5:18
ထာဝရဘုရား၏နေ့ရက်ကို တောင့်တသောသူတို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် အဘယ် အကျိုးရှိကြလိမ့်မည်နည်း။ ထာဝရဘုရား၏ နေ့ရက်သည် သင်တို့၌ လင်းသည်မဟုတ်၊ အမိုက်ဖြစ်လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Isaiah 5:19သူတို့ကလည်း၊ ဘုရားသခင်၏အမှုကို ငါတို့ သည် မြင်ရမည်အကြောင်း၊ အလျင်အမြန်ကြိုးစားတော် မူပါစေ။ ငါတို့သည် သိနားလည်ရမည်အကြောင်း၊ ဣသ ရေလအမျိုး၏သန့်ရှင်းသော ဘုရား၏အကြံတော်သည်၊ အနီးသို့ချဉ်း၍ ပြည့်စုံပါစေဟု ဆိုတတ်ကြ၏။
Isaiah 9:19ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမျက်တော်ကြောင့်၊ မြေသည်မီးလောင်၍၊ မြေသားတို့ သည် မီးမွေးဘို့ ထင်းဖြစ်ကြလိမ့်မည်။ ညီအစ်ကိုချင်း တယောက်ကိုတယောက် မနှမြောရ။
Isaiah 24:18ကြောက်လန့်ဘွယ်သော အရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေ တွင်းမှလွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့် မည်။ ကောင်းကင်ပြွန်ဝပွင့်လျက်ရှိ၍၊ မြေကြီးအမြစ် လည်း လှုပ်ရှားလေ၏။
Isaiah 58:2သူတို့သည် တရားကျင့်သောအမျိုး၊ မိမိဘုရား သခင်၏ပညတ်တို့ကို မစွန့်သောအမျိုးကဲ့သို့၊ နေ့တိုင်း ငါ့ကိုရှာ၍ ငါ၏တရားလမ်း၌ မွေ့လျော်ကြသည်တကား။ ဖြောင့်မတ်စွာ တရားစီရင်ချက်တို့ကို ငါ့ထံမှာ အစဉ် မေးမြန်း၍၊ ဘုရားသခင့်ထံသို့ ချဉ်းကပ်ရာ၌ မွေ့လျော် ကြသည်တကား။
Jeremiah 30:7အလိုလေး၊ ထိုနေ့ရက်ကား ခိုင်းနှိုင်းစရာမရှိ။ ကြီးသောနေ့ရက် ဖြစ်၏။ ယာကုပ်အမျိုး၌ အမှုရောက် သော နေ့ရက်ဖြစ်၏။ သို့ရာတွင်၊ သူတို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည်။
Ezekiel 12:27အချင်းလူသား၊ ဣသရေလအမျိုးသားတို့က၊ သူမြင်သော ဗျာဒိတ်ရူပါရုံသည် ဝေးသေး၏။ ဝေးသေး သောကာလကို ရည်မှတ်၍ ဟောတတ်သည်ဟု ပြောဆို ကြ၏။