Amos 5:27
ထိုကြောင့်၊ သင်တို့ကို ဒမာသက်မြို့တဘက်သို့သိမ်းသွားစေခြင်းငှါ ငါစီရင်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင်ဟူ၍ ဘွဲ့နာမရှိသော ထာဝရဘုရား မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Kings 14:15အာရှရပင်တို့ကို ပြုစု၍ ထာဝရဘုရား၏ အမျက်တော်ကိုနှိုးဆော်ကြသောကြောင့်၊ ကျူပင်ကို ရေ၌လှုပ်ရှားသကဲ့သို့ ထာဝရဘုရားသည် ဣသရေလ အမျိုးကို ဒဏ်ခတ်၍၊ ဘိုးဘေးတို့အား ပေးတော်မူသော ဤပြည်ကောင်းမှ နှုတ်ပယ်ပြီးလျှင်၊ မြစ်ကြီးတဘက်၌ အရပ်ရပ်သို့ ကွဲပြားစေတော်မူမည်။
2 Kings 17:6ဟောရှေနန်းစံကိုးနှစ်တွင်၊ အာရှုရိရှင်ဘုရင် သည် ရှမာရိမြို့ကို ရပြီးလျှင်၊ ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံ မြို့ရွာတို့၌ထား၏။
Amos 4:13တောင်တို့ကို လုပ်၍လေကိုဖန်ဆင်းထသော၊ လူစိတ်အကြံအစည်ကို လူအားဘော်ပြထသော၊ နံနက် အလင်းကို အမိုက်ဖြစ်စေထသော၊ မြင့်သောမြေအရပ်တို့ကို နင်းသောသူသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။
Acts 7:43သင်တို့သည် မောလုပ်၏တဲနှင့်သင်တို့ဘုရား ရင်ဖန်၏ ကြယ်တည်း ဟူသောကိုးကွယ်ဘို့ရာ မိမိ တို့လုပ်သော ပုံတို့ကို ဆောင်ရွက်ကြပြီ တကား။ ထိုကြောင့် ငါသည် သင်တို့ကို ဗာဗုလုန်မြို့ တဘက်သို့ ဆောင်သွားမည်ဟု ကျမ်းလာရှိသည်နှင့်အညီ၊ ဘုရားသခင်သည် မျက်နှာတော်ကိုလွှဲ၍၊ ကောင်းကင် တန်ဆာများတို့အား ဝတ်ပြုစေခြင်းငှါ ထိုသူတို့ကို စွန့်ပစ်ထားတော်မူ၏။