Amos 7:17
ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏ မယားသည် ပြည်တန်ဆာဖြစ်လိမ့်မည်။ သူတပါးတို့သည် သင်၏မြေကို ကြိုးတန်းချ၍ ဝေဖန်ကြလိမ့်မည်။ သင်သည် ညစ်ညူးသော ပြည်၌ သေရလိမ့်မည်။ ဣသရေလ အမျိုးသည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမဇိအား ဆင့်ဆိုလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Kings 17:6ဟောရှေနန်းစံကိုးနှစ်တွင်၊ အာရှုရိရှင်ဘုရင် သည် ရှမာရိမြို့ကို ရပြီးလျှင်၊ ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံ မြို့ရွာတို့၌ထား၏။
Isaiah 13:16သူတို့သားသမီးများကို သူတို့မျက်မှောက်၌ မြေ ပေါ်မှာ ဆောင့်ဖွပ်လိမ့်မည်။ သူတို့ အိမ်များကို လုယက် ၍၊သူတို့ မယားများကို အဓမ္မပြုကြလိမ့်မည်။
Jeremiah 20:6သင်ပါရှုရနှင့် သင်၏အိမ်သူ အိမ်သားအပေါင်း တို့ကိုလည်း သိမ်းသွားကြလိမ့်မည်။ သင်သည် ဗာဗုလုန် မြို့သို့ ရောက်ရလိမ့်မည်။ သင်ဟောပြောသော မုသာ စကားကို နားထောင်သော သင်၏အဆွေခင်ပွန်း အပေါင်းတို့နှင်တကွ၊ သင်သည် ထိုမြို့၌ သေ၍သင်္ဂြိုဟ် ခြင်းကို ခံရလိမ့်မည်ဟု ပါရှုရအားပြောဆို၏။
Jeremiah 28:16ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဥင်သည်ထာဝရ ဘုရားကို ပုန်ကန်စေခြင်းငှါ သွန်သင်သော ကြောင့်၊ သင့်ကို မြေပြင်မှ ငါပယ်ရှင်းမည်။ ယခုနှစ်တွင် သင်သည် သေရမည်ဟု ပရောဖက်ဟာနနိ အား ပြောဆို၏။
Jeremiah 29:25ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါ၏နာမကို အမှီပြု၍၊ ယဇ်ပုရောဟိတ်မာသေယသား ဇေဖနိအစရှိသော ယဇ်ပုရောဟိတ်များတို့နှင့် ယေရုရှလင်မြို့သား ရှိသမျှတို့ကို စာပေးလိုက်၍၊
Jeremiah 29:32ထိုအခါ နဟေလံရွာသား ရှေမာယကို ရည်မှတ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါမလွှတ်ဘဲ ရှေမာယသည် သင်တို့အား ပရောဖက်ပြု၍ မုသာ၌ ခိုလှုံစေသောကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ နဟေလံရွာသား ရှေမာယနှင့် သူ၏အမျိုးကို ငါသည် ဒဏ်ပေးမည်။ ဤအမျိုးသားတို့တွင်၊ သူ၏လူ တယောက်မျှ နေရသောအခွင့် မရှိရ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည် ထာဝရဘုရားကို ပုန်ကန်စေခြင်းငှာ သွန်သင်သောကြောင့်၊ ငါ၏လူမျိုး၌ ငါပြုလတံ့သောကျေးဇူးကို သူသည် မမြင်ရဟု၊ သိမ်းသွားခြင်းကို ခံရသောသူအပေါင်းတို့ကို စာပေးလိုက်ရမည်အကြောင်း ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍ မှာထားတော်မူ၏။