Amos 7:2
ထိုကျိုင်းကောင်တို့သည် တပြည်လုံး၌ရှိသော မြက်ပင်ကိုစား၍ ကုန်ပြီးမှငါက၊ အိုအရှင်ထာဝရဘုရား၊ အပြစ်မှ လွတ်တော်မူပါ။ ယာကုပ်သည် ငယ်သောကြောင့်၊ အဘယ်သို့ ထရပါလိမ့်မည်နည်းဟု လျှောက်သော်၊
1835 Judson Burmese Bible
In The King James Version
In Context
3ထာဝရဘုရားသည် နောင်တရ၍၊ ဤသို့ မဖြစ်ရဟု မိန့်တော်မူ၏။
Cross References
Exodus 10:15မြေမည်းသည်တိုင်အောင် မြေတပြင်လုံးကို ဖုံးအုပ်၍ တပြည်လုံးတွင် မြက်ပင်ရှိသမျှ မိုဃ်းသီးနှင့် လွတ်သောသစ်သီး ရှိသမျှကို စားကြသဖြင့်၊ အဲဂုတ္တုပြည်တရှောက်လုံးတွင် သစ်ပင်မြက်ပင်တို့၌ စိမ်းသောအရာ တစုံတခုမျှ မကျန်ရစ်။
Exodus 34:9အိုဘုရားရှင်၊ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရလျှင်၊ အကျွန်ုပ်အရှင်သည် အကျွန်ုပ်တို့နှင့်အတူ ကြွတော်မူပါစေသော၊ အကျွန်ုပ်တောင်းပန်ပါ၏။ ဤလူမျိုးသည် လည်ပင်းခိုင်မာသော အမျိုးဖြစ်သော်လည်း၊ အကျွန်ုပ်တို့ပြစ်မှားမိသော ဒုစရိုက်အပြစ်များကို လွှတ်၍ အကျွန်ုပ်တို့ကို ကိုယ်တော်အမွေဥစ္စာတို့ သိမ်းယူတော် မူပါဟုလျှောက်လျှင်၊
Numbers 14:19အဲဂုတ္တုပြည်ကထွက်သော နေ့မှစ၍ ယခုတိုင်အောင် ဤလူမျိုး၏အပြစ်ကို လွှတ်တော်မူသည်။ နည်းတူ ကရုဏာတော်များပြားသည်နှင့်အညီ ယခုလည်း လွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရား အား လျှောက်ဆိုလျှင်၊
Psalms 44:24အကျွန်ုပ်တို့ ခံရသောနှိမ့်ချခြင်းနှင့် ညှဉ်းဆဲခြင်း ကို မျက်နှာတော်လွှဲ၍ အဘယ်ကြောင့်မေ့လျော့တော် မူသနည်း။
Isaiah 51:19အစာခေါင်းပါး၍ လူဆိတ်ညံခြင်းဘေး၊ ထား ဖြင့် ဖျက်ဆီးခြင်းဘေးတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၏အပေါ်မှာ ရောက်လာသည်ဖြစ်၍၊ သင့်အတွက် အဘယ်သူ ငိုကြွေးမြည်တမ်းသနည်း။ ငါသည် အဘယ် သို့ ချမ်းသာပေးနိုင်သနည်း။
Jeremiah 14:20အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် ကိုယ် ဒုစရိုက်များနှင့် ဘိုးဘေးတို့၏ အပြစ်များကို ဝန်ချပါ၏။ ကိုယ်တော်ကို ပြစ်မှားပါပြီ။