Amos 8:11
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မွတ်သိပ်ခြင်းဘေးကို တပြည်လုံး၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ထာဝရဘုရား၏ အမိန့်တော်ကို မကြားရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့် မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Samuel 28:6ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ အိပ်မက်အားဖြင့်၎င်း၊ ဥရိမ်အားဖြင့်၎င်း၊ ပရာဖက်အားဖြင့်၎င်း ထူးတော်မူ။
2 Chronicles 15:3ကြာမြင့်သောကာလပတ်လုံး၊ ဣသရေလ အမျိုး၌ မှန်သော ဘုရားမရှိ။ ဩဝါဒပေးတတ်သော ယဇ် ပုရောဟိတ်မရှိ။ တရားလည်းမရှိဘဲ နေ၍၊
Isaiah 5:6ဥယျာဉ်ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူ မျှ မပြင်ဆင်ရ။ အဘယ်သူမျှ မတူးဆွရ။ ဆူးပင် အမျိုးမျိုးပေါက်ကြလိမ့်မည်။ ထိုဥယျာဉ်အပေါ်မှာလည်း မိုဃ်းမရွာစေခြင်းငှါ ငါပညတ်မည်။
Ezekiel 7:26ဘေးတခုနောက်တခု၊ သိတင်းတခုနောက်တခု ပေါ်လာလိမ့်မည်။ ပရောဖက်ထံမှာ ဗျာဒိတ်ရူပါရုံကို ရှာသော်လည်း မရကြ။ ယဇ်ပုရောဟိတ်တို့သည် တရား ဟောသောအခွင့်၊ အသက်ကြီးသော သူတို့သည် အကြံ ပေးသောအခွင့်ကို မရဘဲနေကြလိမ့်မည်။
Matthew 9:36အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏။