Amos 8:13
ထိုကာလ၌ အဆင်းလှသော သတို့သမီးကညာများနှင့် လုလင်များတို့သည် ရေငတ်၍ မောကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In that day shall the fair virgins and young men faint for thirst.
In Context
Cross References
Psalms 63:1အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိသွေ့ခြောက်သော လွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏။ အကျွန်ုပ်၏ ကိုယ်ခန္ဓာသည်လည်း ကိုယ်တော်ကို လွမ်းဆွတ်ပါ၏။
Isaiah 40:30လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြ လိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။
Jeremiah 48:18ဒိဘုန်မြို့၌နေသောသတို့သမီး၊ သင်ခံစားရ သော စည်းစိမ်မှ ဆင်း၍အငတ်ခံလျက်ထိုင်လော့။ မောဘကို လုယူသောသူသည် သင်ရှိရာသို့လာ၍၊ သင်၏ရဲတိုက်တို့ကို ဖျက်ဆီးလိမ့်မည်။
Lamentations 2:10ဇိအုန်သတို့သမီး၏ အသက်ကြီးသူတို့သည် မြေမှုန့်ကိုမိမိတို့ ခေါင်းပေါ်မှာပစ်တင်လျက်၊ လျှော်တေ အဝတ်ကို ဝတ်စည်းလျက်၊ မြေပေါ်မှာထိုင်၍ တိတ်ဆိတ် စွာ နေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်း ကိုငိုက်ဆိုက်ညွှတ်လျက်နေကြ၏။
Hosea 2:3မရှောင်လျှင် သူ၏အဝတ်ရှိသမျှကို ငါချွတ်၍၊ သူဘွားသောနေ့၌ အဝတ်မရှိသကဲ့သို့ အဝတ်မပါ၊ ပြင်၌ ထုတ်ထားမည်။ လွင်ပြင်ကဲ့သို့ သုတ်သင်မည်။ သွေ့ ခြောက်သော မြေကဲ့သို့ ဖြစ်စေလျက် ရေအငတ်ထား၍ သေစေမည်။
Zechariah 9:17ကျေးဇူးတော်သည် အလွန်ကြီးစွတကား။ ဂုဏ် အသရေတော်လည်း အလွန်ကြီးစွတကား။ ဆန်စပါးသည် လုလင်တို့ကို၎င်း၊ စပျစ်ရည်သစ်သည် အပျိုမတို့ကို၎င်း တိုးပွားများပြားစေလိမ့်မည်။