Amos 9:1
တဖန် ငါကြည့်ရှု၍ ဘုရားရှင်သည် ယဇ်ပလ္လင်ပေါ်မှာ ရပ်လျက်မိန့်တော်မူသည်ကား၊ ရှိသမျှသောသူ တို့၏ ခေါင်းပေါ်သို့ တံခါးတိုင်လှုပ်၍ ပြိုကျစေခြင်းငှါ တံခါးထုပ်ကို ရိုက်လော့။ သူတို့သားမြေးများကိုလည်း ထားနှင့် ငါကွပ်မျက်မည်။ ပြေးသောသူသည် မလွတ်ရ။ လွတ်သောသူသည်လည်း ချမ်းသာကို မတွေ့ရ။
1835 Judson Burmese Bible
In The King James Version
In Context
2မရဏာနိုင်ငံတိုင်အောင် တွင်းတူးသော်လည်း ငါနှုတ်ယူမည်။ မိုဃ်းကောင်းကင်သို့ တက်သော်လည်း ငါချမည်။
Cross References
2 Chronicles 18:18မိက္ခာကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ပါ။ ထာဝရဘုရားသည် ပလ္လင် တော်ပေါ်မှာ ထိုင်တော်မူသည်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေအပေါင်းတို့သည် လက်ျာတော်ဘက်၊ လက်ဝဲ တော်ဘက်၌ရပ်နေကြသည်ကို၎င်း၊ ငါမြင်ပြီ။
Isaiah 6:1ဩဇိမင်းကြီးအနိစ္စရောက်သော နှစ်တွင်၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သောပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်၏။ အဝတ်တော်တန်ဆာ သည် ဗိမာန်တော်ကို ဖြည့်လေ၏။
Isaiah 6:4ထိုသို့သော ကြွေးကြော်သံကြောင့်၊ တံခါးတိုင်တို့ သည် လှုပ်ရှား၍၊ မီးခိုးနှင့် တအိမ်လုံးပြည့်လေ၏။
Isaiah 30:16ငါတို့သည် ထိုသို့မနေ၊ မြင်းစီး၍ ပြေးမည်ဟု ဆိုသောကြောင့်၊ သူတပါးတို့သည် သင်တို့ကို ပြေးစေ မည်။ ငါတို့သည် လျင်မြန်စွာ စီးသွားမည်ဟု ဆိုသော ကြောင့်၊ သင်တို့ကို လိုက်သောသူတို့သည် လျင်မြန်ကြ လိမ့်မည်။
Ezekiel 1:28ထိုသို့ထွန်းတောက်သော အရောင်သည် မိုဃ်း ရွာသောနေ့တွင်၊ မိုဃ်းတိမ်၌ပေါ်သော သက်တံ့၏ အရောင်ကဲ့သို့ ဖြစ်၏။ ဤရွှေကား၊ ထာဝရဘုရား၏ ဘုန်းတော်သဏ္ဌာန်အဆင်းအရောင်ဖြစ်သတည်း။
Ezekiel 10:4ထာဝရဘုရား၏ ဘုန်းတော်သည် ခေရုဗိမ် အပေါ်က အိမ်တော်တံခါးခုံအထက်သို့ တက်ရွှေ့၍၊ အိမ်တော်သည် မိုဃ်းတိမ်းနှင့်ပြည့်၏။တန်တိုင်းသည် လည်း၊ ထာဝရဘုရား၏ ဘုန်းတော်အရောင်နှင့်ပြည့်၏။