Amos 9:3
ကရမေလတောင်ထိပ်၌ ပုန်းရှောင်သော်လည်း၊ ငါရှာ၍ထုတ်မည်။ ငါနှင့်လွတ်အံ့သောငှါ သမုဒ္ဒရာအောက် ၌ ပုန်းရှောင်သော်လည်း၊ ငါသည် နဂါးကို မှာလိုက်၍ ကိုက်စေမည်။
1835 Judson Burmese Bible
In The King James Version
In Context
2မရဏာနိုင်ငံတိုင်အောင် တွင်းတူးသော်လည်း ငါနှုတ်ယူမည်။ မိုဃ်းကောင်းကင်သို့ တက်သော်လည်း ငါချမည်။
Cross References
Job 22:13သို့ဖြစ်၍သင်က၊ ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည်နည်း။ ထူသောတိမ်တိုက်ကွယ်လျက်နှင့် စီရင်တော်မူနိုင်မည်လော။
Psalms 68:23ထိုသို့သောအားဖြင့် သင်သည် ရန်သူတို့ အသွေးကို နင်း၍၊ သင်၏ခွေးတို့သည်လည်း လျက်ကြလိမ့် မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Psalms 139:10ထိုအရပ်၌ပင် ကိုယ်တော်၏လက်သည် အကျွန်ုပ်ကို ပို့ဆောင်လျက်၊ လက်ျာလက်တော်သည် ကိုင်လျက်ရှိပါလိမ့်မည်။
Jeremiah 16:16ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် တံငါအများတို့ကို စေလွှတ်၍၊ ဤလူမျိုးကိုမျှားစေမည်။ ထိုနောက်၊ မုဆိုးအများတို့ကို စေလွှတ်၍၊ ခပ်သိမ်းသော တောင်ကြီး တောင်ငယ်၊ ချောက်ကြားတို့၌ ရှာစေမည်။
Jeremiah 23:24ငါမမြင်စေခြင်းငှါ အဘယ်သူသည် မထင်ရှား သော အရပ်၌ ပုန်းရှောင်၍ နေနိုင်သနည်းဟု ထာဝရ ဘုရားမေးတော်မူ၏။ ငါသည် ကောင်းကင်မြေကြီးကို နှံ့ပြားသည် မဟုတ်လောဟု ထာဝရဘုရား မေးတော် မူ၏။