The Bible Software
bible.software › Amos › Amos 9 › Amos 9:8

Amos 9:8

အရှင်ထာဝရဘုရားသည် အပြစ်ရှိသော တိုင်းနိုင်ငံကို ကြည့်ရှုလျက်၊ ထိုတိုင်းနိုင်ငံကို မြေကြီးပြင်မှ ငါသုတ်သင်ပယ်ရှင်းမည်။ သို့သော်လည်း၊ ယာကုပ်အမျိုးကို ရှင်းရှင်းမဖျက်ဆီးဟု မိန့်တော်မူ၏။

1835 Judson Burmese Bible

In The King James Version

Behold, the eyes of the Lord GOD are upon the sinful kingdom, and I will destroy it from off the face of the earth; saving that I will not utterly destroy the house of Jacob, saith the LORD.

In Context

7အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ၌ ကုရှအမျိုးသားကဲ့သို့ ဖြစ်ကြသည်မဟုတ်လော။ ဣသရေ လအမျိုးကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သကဲ့သို့၊ ဖိလိတ္တိ လူတို့ကို ကတ္တောရပြည်မှ၎င်း၊ ရှုရိလူတို့ကို ကိရပြည်မှ၎င်း ငါနှုတ်ဆောင်ပြီ မဟုတ်လောဟု ထာဝရဘုရား မိန့်တော်မူ၏။

9တဖန် ငါအမိန့်တော်ရှိသဖြင့် ဆန်ကို ဆန်ခါနှင့် ချသကဲ့သို့၊ ဣသရေလအမျိုးကို ခပ်သိမ်းသော အမျိုးတို့တွင် ဆန်ခါနှင့်ငါချမည်။ ဆန်တစေ့မျှ မြေသို့မကျရ။

Read all of Amos 9

Cross References

Genesis 7:4အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုဃ်း ရွာစေမည်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည်ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။

Deuteronomy 6:15သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ ၌ အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားဖြစ်တော်မူ၏။ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ကို အမျက် ထွက်၍ မြေကြီးပြင်မှာ သုတ်သင်ပယ်ရှင်းတော်မူမည်ဟု စိုးရိမ် စရာရှိ၏။

Psalms 11:4ထာဝရဘုရားသည် သန့်ရှင်းသော ဗိမာန် တော်၌ ရှိတော်မူ၏။ ထာဝရဘုရား၏ ပလ္လင်တော်သည် ကောင်းကင်ပေါ်မှာတည်၏။ မျက်စိတော်သည် ကြည့်ရှု ၍ မျက်ခမ်းတော်သည် လူသားတို့ကို စစ်တော်မူ၏။

Proverbs 15:3ထာဝရဘုရား၏မျက်စိတော်သည် ခပ်သိမ်း သောအရပ်၌ရှိ၍၊ ကောင်းမကောင်းကို ကြည့်ရှုတော်မူ ၏။

Jeremiah 5:10မြို့ရိုးပေါ်သို့တက်၍ ဖျက်ဆီးကြလော့။ ပျက်စီး ခြင်းကို မစဲစေကြနှင့်။ ခြေလက်တို့ကို ပယ်ရှင်းကြလော့။ ထာဝရဘုရားဆိုင်တော်မမူ။

Jeremiah 31:35နေ့အချိန်၌ လင်းစရာဘို့နေကိုခန့်ထား၍၊ ညဉ့် အချိန်၌ လင်းစရာဘို့ လနှင့်ကြယ်တို့ကို စီရင်တော်မူ ထသော၊ သမုဒ္ဒရာကိုဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေတော် မူထသော၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ဘွဲ့နာမရှိတော်မူသော ထာဝရဘုရား မိန့်တော် မူသည်ကား၊

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Amos 9:8

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Amos 9:7Amos 9Amos 9:9 →