ကောလောသဲဩဝါဒစာ 1:2
ကောလောသဲမြို့၌နေသော သန့်ရှင်းသူတည်းဟူသော၊ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
1835 Judson Burmese Bible
In The King James Version
In Context
1ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါညီတိမော သေသည်၊
3သင်တို့သည် ယေရှုခရစ်ကိုယုံကြည်၍၊သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်ဟု ငါတို့သည် ကြားသဖြင့်၎င်း၊
Cross References
Romans 1:7သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့၌ ရှိပါစေသော။ သခင်ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍ လူမျိုးအပေါင်းတို့သည် ယုံကြည် နားထောင်စေခြင်းငှါ။ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရကြပြီ။ ထိုသခင်ခေါ် ထားတော် မူသောသင်တို့သည်လည်း ထိုလူမျိုးတို့၌ အပါ အဝင်ဖြစ်ကြ၏။
1 Corinthians 4:17ထိုအကြောင်းကြောင့် သခင်ဘုရား၌ သစ္စာရှိသော ငါ၏ချစ်သားတိမောသေကို သင်တို့ဆီသို့ ငါ စေလွှတ်၏။ ခပ်သိမ်းသော အရပ်တို့၌ ခပ်သိမ်းသော အသင်းတော်တို့ကို ငါသွန်သင်သည်နှင့်အညီ၊ ငါသည် ခရစ်တော်၌ကျင့်သော အကျင့်ဓလေ့များကို သင်တို့သည် မှတ်မိစေခြင်းငှါ သူသည် ပြသတိုက်တွန်းလိမ့်မည်။
Galatians 3:9သို့ဖြစ်၍ယုံကြည်ခြင်းရှိသောသူတို့သည် ယုံကြည်သော အာဗြဟံနှင့်အတူ ကောင်းကြီးမင်္ဂလာကို ခံရကြ၏။
Ephesians 6:21သင်တို့သည် ငါ၌ဖြစ်သော အကြောင်းအရာများကို သိစေခြင်းငှါ၊ သခင်ဘုရားထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါချစ်သောညီ တုခိတ်သည် အလုံးစုံတို့ကို သင်တို့အား ဘော်ပြလိမ့်မည်။
2 Peter 1:2ဘုရားသခင်ကို၎င်း၊ ငါတို့သခင်ယေရှုကို၎င်း၊ သိသောဉာဏ်အားဖြင့်၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌များပြားပါစေသော။
Revelation 1:4ငါယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော်ခုနှစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ဘုရားသခင်အထံတော်က၎င်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ် ခုနှစ်ပါးအထံက၎င်း၊