The Bible Software
bible.software › ကောလောသဲဩဝါဒစာ › ကောလောသဲဩဝါဒစာ 3 › ကောလောသဲဩဝါဒစာ 3:2

ကောလောသဲဩဝါဒစာ 3:2

မြေကြီးပေါ်မှာရှိသော အရာတို့ကို စွဲလမ်းသောစိတ်မရှိကြနှင့်။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်းခြင်း ရှိကြလော့။

1835 Judson Burmese Bible

In The King James Version

Set your affection on things above, not on things on the earth.

In Context

1အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည်မှန်လျှင်၊ ဘုရား သခင်၏ လက်ျာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေ တော်မူရာအရပ်၌ရှိသော အထက်အရာတို့ကို ရှာကြာလော့။

3အကြောင်းမူကား၊ သင်တို့သည် သေသောသူ ဖြစ်၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရား သခင်၌ ဝှက်ထားလျက်ရှိ၏။

Read all of ကောလောသဲဩဝါဒစာ 3

Cross References

1 Chronicles 22:19သို့ဖြစ်၍သင်တို့၏ ဘုရားသခင်ထာဝရဘုရား ကို ရှာခြင်းငှါ ကိုယ်စိတ်နှလုံးကို နှိုးဆော်တွန်းကြလော့။ ထာဝရဘုရား၏နာမတော်အဘို့၊ တည်ရသော အိမ်တော် ထဲသို့ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်နှင့် ဘုရား သခင်၏ သန့်ရှင်းသောတန်ဆာတို့ကို သွင်းခြင်းငှါ ထကြ လော့။ ထာဝရအရှင်ဘုရားသခင်၏ သန့်ရှင်းရာဌာန တော်ကို တည်ဆောက်ကြလော့ဟု မှာထားတော်မူ၏။

Psalms 49:11မိမိတို့အိမ်သည် ထာဝရဖြစ်လိမ့်မည်။ မိမိတို့ နေရာလည်း လူမျိုးအစဉ်အဆက်တည်လိမ့်မည်။ မိမိတို့ နာမသည် မြေပေါ်မှာ ကျော်စောလိမ့်မည်ဟု သူတို့ စိတ်ထင်ရှိကြ၏။

Psalms 91:14သူသည် ငါ့ကို ချစ်သောကြောင့်၊ သူ့ကို ငါကယ် နှုတ်မည်။ ငါ၏နာမကို သိသောကြောင့်၊ သူ့ကို ငါချီး မြှောက်မည်။

Proverbs 23:5ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုဃ်းကောင်းကင်သို့ ပျံတတ်သကဲ့သို့၊ ထိုအရာသည် အတောင်တို့ကို လုပ်၍ပျံသွားတတ်၏။

Matthew 6:19သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။

Luke 12:15ထိုမှတပါး လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော် လည်း စည်းစိမ်၌ အသက်မတည်ဟု မိန့်တော်မူ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ကောလောသဲဩဝါဒစာ 3:2

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word Pictures
← ကောလောသဲဩဝါဒစာ 3:1ကောလောသဲဩဝါဒစာ 3ကောလောသဲဩဝါဒစာ 3:3 →