Daniel 1:15
ဆယ်ရက်စေ့လျှင် သူတို့မျက်နှာသည်၊ ပွဲတော်မှ ကြွင်းသောအစာကို စားသော လူပျိုအပေါင်းတို့၏ မျက်နှာထက် အဆင်းလှ၍ ဖွံ့ဝလျက်ရှိ၏။
1835 Judson Burmese Bible
In The King James Version
In Context
14စားတော်ကဲသည် ဝန်ခံ၍ ဆယ်ရက်စုံစမ်း လေ၏။
Cross References
Deuteronomy 28:1ယနေ့ ငါဆင့်ဆိုသမျှသော ပညတ်တော်တို့ကို သင်သည် ကျင့်စောင့်ခြင်းငှာ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် လူမျိုးတကာတို့ ထက် သင့်ကို ချီးမြှောက်တော်မူမည်။
Psalms 37:16ဖြောင့်မတ်သောသူ၌ နည်းသောဥစ္စာသည် မတရားသောသူကြီးတို့၌ ကြွယ်ဝသောဥစ္စာထက် သာ၍ကျေးဇူးရှိ၏။
Haggai 1:6သင်တို့သည် များစွာသော မျိုးစေ့ကို ကြဲသော် လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာ မစားရကြ။ သောက်သော်လည်း ဝစွာ မသောက်ရကြ။ အဝတ်ကို ဝတ်ရသော်လည်း နွေးစွာ မဝတ်ရကြ။ အလုပ် လုပ်၍ အခကို ခံရသော်လည်း မလုံသော အိတ်ထဲမှာ သိုထားရကြ၏။
Malachi 2:2ငါ၏နာမတော်ကို ချီးမွမ်းလိုသောငှါ သင်တို့ သည် နားမထောင်၊ နှလုံးမသွင်းဘဲနေလျှင်၊ ကျိန်ခြင်း ဘေးကို သင်တို့အပေါ်သို့ ငါလွှတ်လိုက်မည်။ သင်တို့၏ မင်္ဂလာကို အမင်္ဂလာဖြစ်စေမည်။ ထိုမျှမက၊ နှလုံးမသွင်း ဘဲနေသောကြောင့် ယခုပင် အမင်္ဂလာဖြစ်စေပြီ။
Mark 6:41ကိုယ်တော်သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍၊ ကောင်းကင်သို့ ကြည့်မျှော်လျက် ကျေးဇူးတော် ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများတို့ရှေ့၌ထည့်စေခြင်းငှါ တပည့်တော်တို့အား ပေးတော်မူ၏။ ငါးနှစ်ကောင်ကို လည်း လူအပေါင်းတို့အား ဝေငှတော်မူ၏။