Daniel 11:33
လူစုထဲမှာ ပညာရှိသော သူတို့သည် အများ သော သူတို့ကို သွန်သင်ကြရလိမ့်မည်။ ထားနှင့်ကွယ်မျက် ခြင်း၊ မီးရှို့ခြင်း၊ သိမ်းသွားချုပ်ထားခြင်း၊ လုယက်ခြင်း အားဖြင့် အင်တန်ကာလပတ်လုံး လဲကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Isaiah 32:3မျက်စိမြင်သောသူတို့သည် ရှင်းလင်းစွာ မြင်ကြ လိမ့်မည်။ နားကြားသောသူတို့လည်း နားထောင်ကြလိမ့် မည်။
Daniel 12:10လူအများတို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ ရောက်၍ စုံစမ်းခြင်းကို ခံရကြလိမ့်မည်။ မတရားသော သူတို့သည် မတရားသဖြင့် ပြု၍ တယောက်မျှ နား မလည်ရ။ ပညာရှိသော သူတို့မူကား၊ နားလည်ကြလိမ့် မည်။
Malachi 2:7ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် ပညာကို စောင့်ရမည်။ သူ၏နှုတ်၌ လူတို့သည် တရားတော်ကို ရှာရကြမည်။ အကြောင်းမူကား၊ သူသည် ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားစေလွှတ်တော်မူသော တမန်ဖြစ်၏။
Matthew 13:11ကိုယ်တော်က၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်၏နက်နဲသော အရာတို့ကိုသိရသော အခွင့်ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ၊
Matthew 20:23ငါ၏ခွက်ကို သင်တို့သည်သောက်ရကြလိမ့်မည်။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည်ခံရကြ လိမ့် မည်။ သို့သော်လည်း ငါ၏လက်ျာဘက်၊ လက်ဝဲဘက်မှာထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဘို့ အလို့ငှါ ငါ့ခမည်းတော်သည် ပြင်ဆင်၏။ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ၏။
Matthew 28:20ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။