The Bible Software
bible.software › Daniel › Daniel 11 › Daniel 11:37

Daniel 11:37

ထိုမင်းသည် ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားကို၎င်း၊ မိန်းမ၌ တပ်မက်သောအလိုကို၎င်း၊ တပါးသော ဘုရားများကို၎င်း ပမာဏမပြု။ သူတကာတို့ထက် ကိုယ်ကို ကိုယ်ချီးမြှောက်လိမ့်မည်။

1835 Judson Burmese Bible

In The King James Version

Neither shall he regard the God of his fathers, nor the desire of women, nor regard any god: for he shall magnify himself above all.

In Context

36ရှင်ဘုရင်တပါးသည် မိမိအလိုအလျောက်ပြု၍၊ ဘုရားအပေါင်းတို့ထက် ကိုယ်ကို ကိုယ်ချီးပင့်မြှောက်စား လျက်၊ ဘုရားတို့၏ဘုရားကို ဆန့်ကျင်ဘက်ပြု၍ အံ့ဘွယ် သောစကားကို ပြောလိမ့်မည်။ ဒေါသအမျက်စေ့စုံသည် ကာလတိုင်အောင် ကောင်းစားလိမ့်မည်။ စီရင်ဆုံးဖြတ် သမျှ အတိုင်းဖြစ်ရလိမ့်မည်။

38ထိုဘုရားအရာ၌ ရဲတိုက်တို့၏ဘုရားနှင့်၊ ဘိုးဘေးတို့မသိသောဘုရားကိုချီးမြှောက်၍၊ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နှစ်သက်ဘွယ်သော တန်ဆာများကို ပူဇော်လိမ့်မည်။

Read all of Daniel 11

Cross References

Genesis 3:5အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကို သိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြ လတံ့သည်ကို၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏။

Deuteronomy 5:21ကိုယ်နှင့်စပ်ဆိုင်သော သူ၏မယားကို တပ်မက် သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သော သူ၏အိမ်၊ လယ်ယာ၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သော သူ၏ဥစ္စာ တစုံတခုမျှ တပ်မက် လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။

Song of Solomon 7:10ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ၏။ ငါ့အလိုသို့လည်း လိုက်တော်မူတတ်၏။

Isaiah 14:14မိုဃ်းတိမ်ထိပ်ပေါ်သို့ ငါတက်မည်။ အမြင့်ဆုံး သောဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံရှိ လေပြီ။

Ezekiel 28:2အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို တုရုရှင်ဘုရင်အား ဆင့်ဆိုရမည်မှာ၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ်သော်လည်း ဘုရား သခင်မဟုတ်၊ လူသက်သက်ဖြစ်လျက်နှင့် ငါသည် ဘုရား ဖြစ်၏။ ပင်လယ်အလယ်၌ ဘုရားပလ္လင်ပေါ်မှာ ငါထိုင် သည်ဟု ဝါကြွားသောစိတ်နှင့် ဆိုသည်ဖြစ်၍၊

1 Timothy 4:3မင်္ဂလာဆောင်ခြင်းအမှုကို မပြုရဟူ၍၎င်း၊ ယုံကြည်၍ သမ္မာတရားကို သိသောသူတို့သည် ကျေးဇူး တော်ကို သိသောစိတ်နှင့်တကွ သုံးဘို့ရာ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော အစာမျိုးကိုရှောင်ရမည် ဟူ၍၎င်း ပညတ်ထားကြလိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Daniel 11:37

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Daniel 11:36Daniel 11Daniel 11:38 →