Daniel 11:6
ကာလလွန်သောအခါ သူတို့သည် အဆွေဖွဲ့ကြ လိမ့်မည်။ အသင့်အတင့်ဖြစ်စေခြင်းငှါ တောင်ရှင်ဘုရင် ၏ သမီးသည် မြောက်ရှင်ဘုရင်ထံသို့ ရောက်လိမ့်မည်။ သို့သော်လည်း၊ ထိုမင်းသမီး၏ အာဏာသည် မတည်ရ။ ထိုမင်းနှင့်တကွ အမျိုးအနွယ်တော်သည်လည်း မတည်ရ။ မင်း သမီးကို၎င်း၊ ဆောင်ခဲ့သော သူတို့ကို၎င်း၊ သူ၏သား ကို၎င်း၊ ထိုကာလ၌ သူ့ကိုထောက်ပင့်သော သူများကို၎င်း ဆုံးရှုံးခြင်းသို့အပ်ရလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Job 38:15လူဆိုးတို့၏ အလင်းသည်ကွယ်၍ ချီကြွသော လက်လည်း ကျိုးတတ်၏။
Ezekiel 30:21အချင်းလူသား၊ အဲဂုတ္တုအရှင်ဘုရင် ဖာရော မင်း၏ လက်ရုံးကို ငါချိုးပြီး။ ဆေကု၍မထုပ်ရ။ ထားကိုင် စေဘို့ ပကတိခွန်အား ရှိစေခြင်းငှါ အဝတ်နှင့်မစည်းရ။
Daniel 11:7ထိုမင်းသမီး၏ အဆွေအမျိုးဖြစ်သော သူ တယောက်သည် အဘ၏ အရိပ်အရာကိုရသဖြင့် စစ်ချီ ၍ လာလိမ့်မည်။ မြောက်ရှင်ဘုရင်၏ မြို့တော်သို့ ရောက် လျှင်၊ မြို့သားတို့ကို တိုက်၍နိုင်လိမ့်မည်။
Daniel 11:15မြောက်ရှင်ဘုရင်သည် လာ၍ မြို့ရိုးကို တည် ပြီးလျှင် ခိုင်ခံ့သော မြို့တို့ကို လုပ်ကြံလိမ့်မည်။ တောင် ရှင်ဘုရင်၏ လက်နက်များ၊ ရွေးချယ်သောလူများတို့သည် ဆီးတားခြင်းငှါး ခွန်အားမရှိသောကြောင့် မဆီးတားရ ကြ။
Zechariah 11:16အကြောင်းမူကား၊ ဤပြည်၌ သိုးထိန်းတဦးကို ငါပေါ်ထွန်းစေမည်။ သူသည် အသတ်ခံရသောအကောင် ကို မကြည့်မရှု၊ လမ်းလွဲသောအကောင်ကို မရှာ၊ နာသော အကောင်ကို အနာပျောက်စေခြင်းငှါမပြု၊ ရပ်နေသော အကောင်ကို မမစ၊ ဆူသောအကောင်တို့ကို စားလိမ့် မည်။ သူတို့ ခွာကိုလည်း ချိုးဖဲ့လိမ့်မည်။