Daniel 2:20
ထိုအခါ ဒံယေလသည် ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ ဘုရား သခင်၏ နာမတော်သည် ထာဝရမင်္ဂလာရှိပါစေ သတည်း။ ပညာနှင့်၎င်း၊ အစွမ်းသတ္တိနှင့်၎င်း ပြည့်စုံ တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
19ညဉ့်အခါ ဗျာဒိတ်တော်အားဖြင့် ထိုနက်နဲသော အရာကို ဒံယေလအား ဘုရားသခင်ဘော်ပြတော်မူ၏။
Cross References
1 Kings 8:56ဂတိတော်ရှိသမျှအတိုင်း မိမိလူ ဣသရေလအမျိုးကို ငြိမ်ဝပ်စေခြင်းငှါ စီရင်တော်မူသော ထာဝရ ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ မိမိကျွန် မောရှေအားဖြင့် ထားတော်မူသော ဂတိတော်ကောင်း တခွန်းမျှမပျက်၊
1 Chronicles 29:20ပရိသတ်အပေါင်းတို့အားလည်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကောင်းကြီးပေးကြလော့ ဟု မိန့်တော်မူသည်အတိုင်း၊ ပရိသတ်အပေါင်းတို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို ကောင်းကြီး ပေးလျက် ဦးချ၍ ထာဝရဘုရားကို၎င်း၊ ရှင်ဘုရင်ကို၎င်း ရှိခိုးကြ၏။
Nehemiah 9:5တဖန်လေဝိသားယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က ထကြလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်းဟု ကောင်း ကြီးပေးကြလော့။ ကောင်းကြီးပေးခြင်း၊ ချီးမွမ်းခြင်း အမျိုးမျိုးထက် ကြီးမြင့်၍ ဘုန်းကြီးသော ကိုယ်တော်၏ နာမသည် မင်္ဂလာရှိပါစေသတည်း။
Job 12:16တန်ခိုးတော်၊ ဉာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။
Psalms 50:23ကျေးဇူးချီးမွမ်ခြင်း ယဇ်ပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏။ မိမိသွားသော လမ်းကို ဆင်ခြင်သောသူအားလည်း၊ ကယ်တင်တော်မူ ခြင်း ကျေးဇူးကို ငါပြမည်ဟု ဘုရားသခင်မိန့်တော်မူ၏။
Psalms 72:18အံ့ဘွယ်သော အမှုတို့ကို တပါးတည်းသာ စီရင် တော်မူသော ထာဝရအရှင်ဘုရားသခင်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။