Daniel 2:23
အကျွန်ုပ် ဘိုးဘေးတို့၏ ဘုရားသခင်၊ အကျွန်ုပ် အား ပညာအစွမ်းသတ္တိကို ပေးသနား၍၊ အကျွန်ုပ်တို့ ဆုတောင်းသည်အတိုင်း၊ ရှင်ဘုရင်၏ အိပ်မက်ကို ဖွင့်ပြတော် မူသော ကျေးဇူးတော်ကို ချီးမွမ်းထောမနာ ပြုပါ၏ဟု ဒံယေလမြွက်ဆိုပြီးမှ၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 32:9တဖန် ယာကုပ်က၊ အကျွန်ုပ်အဘ အာဗြဟံ၏ ဘုရားသခင်၊ အကျွန်ုပ်အဘ ဣဇာက်၏ဘုရားသခင်၊ ထာဝရဘုရား ကိုယ်တော်က၊ သင်၏ပြည် သင်၏ အမျိုးသားချင်းတို့ ထံသို့ ပြန်လော့။ ငါသည် သင်၌ကျေးဇူးပြုမည် ဟု မိန့်တော်မူပါပြီ။
1 Kings 8:57ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့ ဘိုးဘေးများနှင့်အတူ ရှိတော်မူသည်နည်းတူ ငါတို့နှင့် အတူ ရှိတော်မူပါစေသော။ ငါတို့ကို အလျှင်းစွန့်ပစ်တော် မမူပါစေနှင့်။
1 Chronicles 29:10ထိုအခါဒါဝိဒ်က၊ အကျွန်ုပ်တို့အဘ ဣသရေလ ၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာ အဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။
2 Chronicles 20:6ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင် ဖြစ်တော်မူသည် မဟုတ်လော့။ တပါးအမျိုးသားနေရာ တိုင်းနိုင်ငံရှိသမျှတို့ကို အစိုးရတော်မူသည် မဟုတ်လော။ အဘယ်သူမျှ မဆီးတားနိုင်အောင် ခွန်အားတန်ခိုး ကြီးတော်မူသည်မဟုတ်လော။
Psalms 50:14ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အား ပူဇော်လော့။ သစ္စာဂတိထားသည်အတိုင်း၊ အမြင့်ဆုံး သောအရာ၌ သစ္စာဝတ်ကိုဖြေလော့။
Proverbs 8:14အကြံပေးနိုင်သော အခွင့်နှင့်ပညာရတနာသည် ငါ၌ရှိ၏။ ငါသည်ဉာဏ်ဖြစ်၍ အစွမ်းသတ္တိနှင့်ပြည့်စုံ၏။