Daniel 2:5
ရှင်ဘုရင်ကလည်း၊ ငါအမိန့်တော်ရှိပြီ။ ထိုအိပ် မက်နှင့်အနက်ကို သင်တို့မဘော်မပြလျှင်၊ သင်တို့ကို အပိုင်းပိုင်းစဉ်းမည်။ သင်တို့အိမ်များကိုလည်း နောက် ချေးပုံဖြစ်စေမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Joshua 6:26ထိုအခါ ယောရှုက၊ အကြင်သူသည် ထ၍ ယေရိခေါမြို့ကို တည်ပြန်၏။ ထိုသူသည် ထာဝရဘုရား ရှေ့တော်၌ ကျိန်အပ်သောသူဖြစ်ပါစေ။ သူသည် သားဦး လက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍ သားထွေးလက်ထက် ၌ မြို့တံခါးတို့ကို ထောင်ပါစေဟု ကျိန်ဆို၏။
2 Kings 10:27ဗာလ ဆင်းတုကို၎င်း၊ ကျောင်းကို၎င်း ဖြိုဖျက် ၍ ယနေ့တိုင်အောင် ကိုယ်သုတ်သင်ရာ အိမ်ဖြစ်စေ ကြ၏။
Psalms 50:22ဘုရားသခင်ကို မေ့လျော့သောသူတို့၊ ဤအမှုကို ဆင်ခြင်ကြလော့။ သို့မဟုတ် သင်တို့ကိုကယ်နှုတ်သော သူမရှိ။ ငါသည် အပိုင်းပိုင်းဆွဲဖြတ်မည်။
Daniel 2:12ထိုစကားကို ကြားတော်မူလျှင် ပြင်းစွာ အမျက် တော်ထွက်၍၊ ဗာဗုလုန်မြို့၌ ရှိသမျှသော ပညာရှိတို့ကို ပယ်ရှင်းစေဟုအမိန့်တော်ရှိ၏။