Daniel 4:16
လူစိတ်သဘောပျောက်၍ တိရစ္ဆာန်စိတ် သဘောနှင့် ပြည့်စုံစေလော့။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Isaiah 6:10သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရ သည်တိုင်အောင်၊ သူတို့စိတ်နှလုံးကို မိုက်စေလော့။ သူတို့ နားကိုလည်း ထိုင်းစေလော့။ သူတို့မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။
Daniel 4:25ကိုယ်တော်ကို လူစုထဲက နှင်ထုတ်၍၊ မြေ တိရစ္ဆာန်တို့နှင့်အတူ နေရာချကြလိမ့်မည်။ အမြင့်ဆုံး သောဘုရားသည် လောကီနိုင်ငံကို အုပ်စိုး၍၊ ပေးလို သော သူတို့အား ပေးတော်မူသည်ကို ကိုယ်တော်မသိ မမှတ်မှီကာလ၊ ခုနစ်နှစ်ပတ်လုံးနွားကဲ့သို့ မြက်ကိုစား၍၊ မိုဃ်းစွတ်ခြင်းကို ခံလျက်နေရမည်။
Daniel 7:25အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့်ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလတဝက် ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။
Daniel 11:13အကြောင်းမူကား၊ မြောက်ရှင်ဘုရင်သည် တဖန် ပေါ်လာ၍၊ အရင်ထက်များစွာသောအလုံးအရင်း တို့ကို စီရင်ပြီးမှ ကာလအတန်အရာလွန်လျှင်၊ စစ်အင်္ဂါများ၊ စည်းစိမ်များနှင့် ဆက်ဆက်လာလိမ့်မည်။
Mark 5:4ခြေချင်း၊ သံကြိုးနှင့် အဖန်များစွာ ချည်စမ်းသော်လည်း၊ သံကြိုးကိုဆွဲဖြတ်၍ ခြေချင်းကိုဖြဲတတ်၏။ သူ့ကို ယဉ်စေခြင်းငှါ အဘယ်သူမျှမတတ်နိုင်။
Hebrews 1:11ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာရှိ သမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကို လိပ်သကဲ့သို့ လိပ်တော်မူသဖြင့် ပြောင်းလဲခြင်းရှိကြသော်လည်း၊