Daniel 5:12
အကြောင်းမူကား၊ အိပ်မက်အနက်ကို ဘတ်ခြင်း၊ နက်နဲခက်ခဲသောအရာကို ဖွင့်ပြခြင်း၊ ပုစ္ဆာအမေးကို ဖြေခြင်းငှါ တတ်စွမ်းနိုင် သောဉာဏ်ပညာ နှင့်တကွ၊ ထူးဆန်းသောစိတ်ဝိညာဉ်သည် ဒံယေလ အမည်ရှိသော ထိုသူတွင် ထင်ရှားလျက်ရှိပါ၏။ ဗေလတ ရှာဇာဟူသော ဘွဲ့နာမကိုလည်း ရှင်ဘုရင် ပေးသနား တော်မူ၏။ ထိုဒံယေလကို ခေါ်တော်မူလျှင်၊ အနက်ကို ဟောပြောပါလိမ့်မည်ဟု လျှောက်သော်၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Chronicles 9:1ရှေဘပြည်ကိုအစိုးရသော မိဖုရားသည် ရှောလမုန်၏ သိတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿသနာအားဖြင့် သူ့ကိုစုံစမ်းခြင်းငှါ၊ နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဘိုးထိုက်သောကျောက်တို့ကို ဆောင် သောကုလားအုပ်များ၊ လိုက်သောသူများနှင့်တကွ ယေရု ရှလင်မြို့သို့ လာ၏။
Proverbs 12:26ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်း ပြတတ်၏။ မတရားသောသူလိုက်သော လမ်းမူကား၊ သူ့ကိုပင် လှည့်စားတတ်၏။
Daniel 1:7မိန်းမစိုးအုပ်သည် ထိုသူတို့ကို အမည်နာမလဲ၍၊ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိကိုရှာဒရက်၊ မိရှေလ ကိုမေရှက်၊ အာဇရိကို အဗေဒနေဂေါဟု၊ အသီးအသီး အမည်အသစ်ကို ပေး၏။
Daniel 4:8နောက်မှ ငါကိုးကွယ်သောဘုရား၏ နာမအား ဖြင့် ဗေလတရှာဇာဟုခေါ်သမုတ်၍၊ သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသော ဒံယေလ သည် ငါ့ထံသို့ဝင်လာလျှင်၊
Daniel 5:14သင်သည် ဘုရားသခင်၏ ဝိညာဉ်နှင့်၎င်း၊ ထူးဆန်းသော ပညာဉာဏ်သတ္တိနှင့်၎င်း ပြည့်စုံသည်ဟု သင်၏ သိတင်းကို ငါကြား၏။
Daniel 6:3ထူးဆန်းသော ဉာဏ်နှင့်ပြည့်စုံ၍ မြို့ဝန်တကာ၊ ဝန်ကြီးတကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံတော် တနိုင်ငံလုံးကို သူ၌ အပ်နှင်းမည် ဟုရှင်ဘုရင်သည် အကြံရှိတော်မူ၏။