Daniel 5:16
သင်သည် အနက်များကို ဘော်ပြ၍ ပုစ္ဆာ အမေးတို့ကို ဖြေနိုင်သည်ဟု ငါကြားပြီးအတိုင်း၊ ထိုစာကိုဘတ်၍ အနက်ကိုငါ့အားဘောပြနိုင်လျှင်၊ အဝတ်နီကိုဝတ်ဆင်၍ လည်ပင်း၌ ရွှေစလွယ်ဆွဲလျက်၊ နိုင်ငံတော်တွင် တတိယမင်းဖြစ်ရလိမ့်မည်ဟု မိန့်တော် မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 40:8သူတို့ကလည်း၊ ငါတို့သည် အိပ်မက်ကိုမြင်ရပြီ။ အနက်ကို ဘတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ် က၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အား ကြားပြောကြပါဟုဆို၏။
Daniel 2:6အိပ်မက်နှင့်အနက်ကို ဘော်ပြလျှင်၊ ဆုလပ် သပ်ပကာ၊ ဂုဏ်အသရေများကို ငါပေးမည်။ သို့ဖြစ်၍၊ အိပ်မက်နှင့်အနက်ကို ငါ့အားဘော်ပြကြဟု၊ ခါလဒဲပညာ ရှိတို့ကို မိန့်တော်မူ၏။
Daniel 5:29ထိုအခါ ဗေလရှာဇာ မင်းကြီးမိန့်တော်မူသည် အတိုင်း၊ ဒံလရှဇာမင်းကြီးမိန့်တော်မူသည်အတိုင်း၊ ဒံယေလကို အဝတ်နီဝတ်ဆင်စေ၍ လည်ပင်း၌ ရွှေ စလွယ်ဆွဲပြီးမှ၊ နိုင်ငံတော်တွင် တတိယမင်းဖြစ်သည်ဟု မြို့ကိုလည်၍ဟစ်ကြော်ကြ၏။