Daniel 5:30
ထိုညဉ့်၌ပင် ခါလဒဲရှင်ဘုရင် ဗေလရှာဇာ မင်းသည် အသက်ဆုံး၍၊
1835 Judson Burmese Bible
In The King James Version
In that night was Belshazzar the king of the Chaldeans slain.
In Context
31မေဒိအမျိုး ဒါရိမင်းသည် အသက်ခြောက်ဆယ် နှစ်နှစ်တွင် နိုင်ငံတော်ကို သိမ်းယူတော်မူ၏။
Cross References
Isaiah 21:4ငါ့စိတ်နှလုံးသည် မူးလျက်ရှိ၏။ ကြောက်မက် ဘွယ်သော အရာဖြင့် ငါသည်ထိတ်လန့်လျက်ရှိ၏။ ငါပျော်မွေ့သောညဉ့်ကိုဘေးနှင့် ပြည့်စုံစေတော်မူ၏။
Jeremiah 51:11မြှားတို့ကို ပွတ်ကြလော့။ ဒိုင်းလွှားတို့ကို ကိုင်စွဲ ကြလော့။ ထာဝရဘုရားသည် မေဒိရှင်ဘုရင်တို့ကို နှိုးဆော်တော်မူပြီ။ ဗာဗုလုန်မြို့ကို ဖျက်ဆီးမည် အကြံ ရှိတော်မူ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ အမျက် တော်ကိုဖြေခြင်း၊ ဗိမာန်တော်ကိုဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းအမှုဖြစ်သတည်း။
Jeremiah 51:39သူတို့သည်ပျော်မွေ့ကြမည်အကြောင်းနှင့်၊ နောက်တဖန်မနိုးဘဲ၊ အစဉ်မပြတ်အိပ်ပျော်မည် အကြောင်း၊ သူတို့သည် ရွှင်လန်းအားကြီးသောအခါ၊ သောက်စရာဘို့ ငါတိုက်၍ ယစ်မူးစေမည်။
Daniel 5:1တရံရောအခါ ဗေလရှာဇာမင်းကြီးသည် မှူးမတ်တထောင်ကို ခေါ်ပြီးလျှင် ကြီးစွာသော ပွဲကို လုပ်၍၊ မှူးမတ်တထောင်နှင့်တကွ စပျစ်ရည်ကို သောက်တော်မူ၏။