Daniel 8:18
ထိုသို့ ဆိုသောအခါ ငါသည် မြေပေါ်မှာပြပ်ဝပ်၍ မိန်းမော တွေဝေလျက်နေ၏။ ထိုသူသည်ငါ့ကိုလက်နှင့် တို့၍ ယခင်နေရာ၌ မတ်တတ်နေစေပြီးလျှင်၊
1835 Judson Burmese Bible
In The King James Version
In Context
19ဒေါသအမျက်တော်အဆုံး၌ ဖြစ်လတံ့သော အရာကိုငါကြား ပြောဦးမည်။ ချိန်းချက်သောအချိန်၌ လက်စသတ်လိမ့်မည်။
Cross References
Genesis 15:12နေဝင်သောအခါ၊ အာဗြံသည် ကြီးသော အိပ်ခြင်းဖြင့် အိပ်ပျော်လျက်၊ ထူသောမှောင်မိုက်နှင့်တွေ့၍၊ ထိတ်လန့် ခြင်းသို့ ရောက်လေ၏။
Ezekiel 2:2ထိုသို့ဆိုသောအခါ ဝိညာဉ်တော်သည် ငါ့အထဲ သို့ဝင်၍ မတ်တတ်နေစေသဖြင့်၊ ငါနှင့်ပြောသောသူ၏ စကားကိုငါကြားသည်ကား၊
Daniel 8:27ထိုအခါ ငါဒံယေလသည် မော၍ နာလျက် နေ၏။ တဖန် အနာမထမြောက်၍ ဘုရင်၏အမှုတော်ကို ဆောင်ရွက်၏။ မြင်ပြီးသော ဗျာဒိတ်ရူပါရုံကို ငါ့အံ့ဩ သော်လည်း ထိုအမှုကို အဘယ်သူမျှ မရိပ်မိကြ။
Daniel 10:9သို့ရာတွင်၊ ထိုသူ၏ စကားသံကို ငါကြား၏။ ကြားသောအခါ မြေပေါ်မှာပြပ်ဝပ်၍ မိန်းမောတွေဝေ လျက်နေ၏။
Daniel 10:18နောက်တဖန် လူသဏ္ဌာန်ရှိသော သူသည် လာ၍ ငါ့ကိုလက်နှင့်တို့လျက် အားပေးပြီးလျှင်၊
Luke 9:32ပေတရုနှင့် သူ၏အဘော်တို့သည် မျက်စိလေးလန်သဖြင့် တငိုက်ငိုက်ရှိကြ၏၊ နိုးသောအခါ ဘုန်း အသရေတော်ကို၎င်း၊ ကိုယ်တော်နှင့် ရပ်နေသောလူနှစ်ယောက်ကို၎င်း မြင်ကြ၏။