Daniel 8:26
ညဦးနှင့် နံနက်ကို တော်ပြသောဗျာဒိတ် ရူပါရုံ စကားမှန်သည် ဖြစ်၍ ထိုစကားကို တံဆိပ်ခက်ထား လော့။ တာရှည်သော ကာလတိုင်တိုင် တည်လိမ့်မည်ဟု ဆို၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Ezekiel 12:27အချင်းလူသား၊ ဣသရေလအမျိုးသားတို့က၊ သူမြင်သော ဗျာဒိတ်ရူပါရုံသည် ဝေးသေး၏။ ဝေးသေး သောကာလကို ရည်မှတ်၍ ဟောတတ်သည်ဟု ပြောဆို ကြ၏။
Daniel 10:1ပေရသိ ရှင်ဘုရင်ကုရုနန်းစံသုံးနှစ်တွင်၊ ဗေလ တရှာဇာအမည်ဖြင့် သမုတ်သောဒံယေလသည် ဗျာဒိတ် တော်ကိုခံရ၏။ ထိုဗျာဒိတ် တော်စကားမှန်ပေ၏။ ကြီးစွာ သော စစ်တိုက်ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကားကို နားလည်၏။ မြင်ရသော ရူပါရုံသဘောကိုလည်း ရိပ်မိ၏။
Daniel 12:4သင်ဒံယေလမူကား၊ အမှုကုန်ရသည် ကာလတိုင်အောင်၊ ဤစကားတော်တို့ကို ပိတ်၍ စာစောင်ကို တံဆိပ်ခတ်ထားလော့။ အများသော သူတို့သည် ထိုစာကို ကြည့်၍ရှုသောအားဖြင့် ပညာတိုးပွားလိမ့်မည်ဟု ပြောဆို ၏။
Hosea 3:3သင်သည်ငါ့အဘို့ နေ့ရက်များစွာ စောင့်၍ နေရမည်။ ပြည်တန်ဆာ မလုပ်ရ။ အခြားသော ယောက်ျားနှင့် မပေါင်းဘော်ရ။ သို့ပြုလျှင်၊ သင့်အဘို့ ငါစောင့်၍ နေမည်ဟု ပြောထား၏။
Revelation 22:10တဖန်ဘုံ ၊ ငါ့အားမိန့်တော်မူသည်ကား၊ ဤစာ စောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန် ရောက်လုနီးပြီ။