Daniel 9:19
အိုဘုရားရှင်၊ နားထောင်တော်မူပါ။ အိုဘုရား ရှင်၊ နားထောင်၍ ပြုတော်မူပါ။ အိုဘုရားရှင် နားထောင် ၍ပြုတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော် အတွက် ဖင့်နွှဲတော်မမူပါနှင့်။ ကိုယ်တော်၏ လူစုသည် နာမတော်ဖြင့် သမုတ်ခြင်းရှိပါသည်ဟု ဆုတောင်းပဌနာ ပြု၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Numbers 14:19အဲဂုတ္တုပြည်ကထွက်သော နေ့မှစ၍ ယခုတိုင်အောင် ဤလူမျိုး၏အပြစ်ကို လွှတ်တော်မူသည်။ နည်းတူ ကရုဏာတော်များပြားသည်နှင့်အညီ ယခုလည်း လွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရား အား လျှောက်ဆိုလျှင်၊
2 Chronicles 6:21ကိုယ်တော်ကျွန်မှစ၍ကိုယ်တော်၏ လူဣသ ရေလအမျိုးသားတို့သည် ဤအရပ်ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ၊ ကျိန်းဝပ်တော်မူရာကောင်းကင် ဘုံ၌နားထောင်၍ အပြစ်မှလွှတ်တော်မူပါ။
2 Chronicles 6:39သူတို့ဆုတောင်း ပဌနာပြုသောစကားကို ကျိန်း ဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့ အမှုကို စောင့်တော်မူပါ။ ကိုယ်တော်ကို ပြစ်မှားသော ကိုယ်တော်လူတို့၏အပြစ်ကို ဖြေရှင်းတော်မူပါ။
Psalms 74:9အကျွန်ုပ်တို့သည် ကိုယ်လက္ခဏာသက်သေများ ကို မမြင်ရပါ။ ပရောဖက်သည် တဖန်မပေါ်သရှိပါ။ အကျွန်ုပ်တို့တွင် ကာလအပိုင်းအခြားကို သိသောသူ မရှိပါ။
Psalms 79:8ရှေးကပြစ်မှားမိသော အပြစ်များကို အကျွန်ုပ် တို့၌ မှတ်တော်မမူပါနှင့်။ အကျွန်ုပ်တို့သည် အလွန် နှိမ့်ချလျက်ရှိပါသည်ဖြစ်၍၊ ကရုဏာ တော်သည် အလျင်အမြန်ကူမပါစေသော။
Psalms 85:5အကျွန်ုပ်တို့၌ အစဉ်အမျက်ထွက်တော်မူမည် လော။ ကာလအစဉ်အဆက် စိတ်တော်မပြေဘဲ နေတော် မူမည်လော။