The Bible Software
bible.software › တရားဟောရာကျမ်း › တရားဟောရာကျမ်း 11 › တရားဟောရာကျမ်း 11:2

တရားဟောရာကျမ်း 11:2

သင်၏ဘုရားသခင် ထာဝရဘုရား ဆုံးမတော်မူ ခြင်းကို၎င်း၊ ဘုန်းအာနုဘော်တော်ကို၎င်း၊ အားကြီးသော လက်ရုံးဆန့်တော်မူခြင်းကို၎င်း၊

1835 Judson Burmese Bible

In The King James Version

And know ye this day: for I speak not with your children which have not known, and which have not seen the chastisement of the LORD your God, his greatness, his mighty hand, and his stretched out arm,

In Context

1သို့ဖြစ်၍ သင်သည် သင်၏ဘုရားသခင် ထာဝရ ဘုရားကို ချစ်ရမည်။ စီရင်ထုံးဖွဲ့တော်မူချက်၊ မှာထား တော်မူသော ပညတ်တော်တို့ကို အစဉ်စောင့်ရှောက် ရမည်။

3ထူးဆန်းသော တန်ခိုးတော်ကို၎င်း၊ အဲဂုတ္တုပြည် ၌၊ အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းနှင့် ပြည်သူပြည်သား များတို့အား ပြုတော်မူသော အမှုကို၎င်း၊

Read all of တရားဟောရာကျမ်း 11

Cross References

Exodus 6:6ထိုကြောင့် ဣသရေလအမျိုးသားတို့အား ပြောရသောစကားဟူမူကား၊ ငါသည် ထာဝရဘုရား ဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တုလူတို့လက်မှ လွှတ်၍၊ သူတို့၏ ညှဉ်းဆဲခြင်းထဲက နှုတ်ယူမည်။ လက်ဆန့်ခြင်း၊ ကြီးစွာသော ဒဏ်ခတ်ခြင်းအားဖြင့် သင်တို့ကို ငါရွေးမည်။

Deuteronomy 4:34သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်မှာ သင်တို့မျက်မှောက်၌ ပြုတော်မူသကဲ့သို့၊ စုံစမ်းခြင်းနိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြခြင်း၊ စစ်မှုကိုရောက်စေခြင်း၊ အားကြီးသော လက်ရုံး တော်ကို ဆန့်ခြင်း၊ ကြောက်မက်ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြားတပါးသော ဘုရားသည် သွား၍ လူတမျိုးထဲက တမျိုးကို မိမိအဘို့ နှုတ်ယူဘူးသလော။

Deuteronomy 7:19ကိုယ်တိုင်မြင်၍ ကြီးစွာသော စုံစမ်းခြင်းတို့ကို ၎င်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှုတ်ဆောင်သောအခါ၊ ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဘွယ်သော အမှုတို့ကို၎င်း၊ အားကြီးသော လက်ရုံး တော်ကို ဆန့်တော်မူခြင်းကို၎င်း စေ့စေ့အောက်မေ့ ရမည်။ ထိုနည်းတူ၊ သင်ကြောက်တတ်သော လူမျိုး ရှိသမျှတို့၌ သင်၏ ဘုရားသခင် ထာဝရဘုရား ပြုတော်မူ မည်။

Deuteronomy 8:19သင်၏ ဘုရားသခင် ထာဝရဘုရားကို သင် သည် မေ့လျော့သဖြင့်၊ အခြားတပါးသော ဘုရားတို့ကို ဆည်းကပ်၍ ဝတ်ပြုကိုးကွယ်လျှင်၊ ပျက်စီးခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ ငါသည် သင့်တဘက်၌ သက်သေခံ၏။

Deuteronomy 29:10သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်နှင့် ယနေ့ပြုတော်မူသော သစ္စာကို သင်သည်ခံ၍၊ သင်၏ဘုရားသခင် ထာဝရဘုရားနှင့် ပဋိညာဉ်ပြုခြင်း ငှာ၎င်း၊ သင့်ကို ကိုယ်တော်၏ လူမျိုးအရာ၌ ယနေ့ ခန့် ထားတော်မူစေခြင်းငှာ၎င်း၊ အထက်က မိန့်တော်မူ၍၊ သင်၏အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆို တော်မူသည်အတိုင်း၊ သင်၏ဘုရားသခင် ဖြစ်တော်မူစေ ခြင်းငှာ၎င်း၊ သင်တို့အမျိုးအနွယ်၏ အကဲအမှူး၊ အသက်ကြီးသူ၊ မင်းအရာရှိ၊ ဣသရေလအမျိုးယောက်ျား၊ မိန်းမ၊ သူငယ်၊ ထင်းခုတ်သောသူ၊ ရေခပ်သောသူမှစ၍ တပ်၌ရှိသမျှသောသူတို့သည် သင်တို့ဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ယနေ့ရပ်နေကြ၏။

Proverbs 22:19သင်သည်ထာဝရဘုရား၌ ခိုလှုံမည်အကြောင်း၊ သင့်ကိုယ်တိုင် ကိုယနေ့ငါသွန်သင်၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တရားဟောရာကျမ်း 11:2

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တရားဟောရာကျမ်း 11:1တရားဟောရာကျမ်း 11တရားဟောရာကျမ်း 11:3 →