တရားဟောရာကျမ်း 13:15
ထိုမြို့သူမြို့သားတို့ကို ထားနှင့်လုပ်ကြံရမည်။ မြို့မှစ၍ မြို့၌ရှိသော လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို ထားနှင့် ရှင်းရှင်းဖျက်ဆီးရမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 23:24သူတို့ဘုရားများကို ဦးမချဝတ်မပြုရ။ သူတို့ဘာသာအတိုင်း မကျင့်ရ။ သူတို့ကို အကုန်အစင် မှောက်လှဲ၍၊ ရုပ်တုဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက်ရမည်။
Deuteronomy 2:34ထိုအခါ သူ၏မြို့ရှိသမျှတို့ကို တိုက်ယူ၍၊ ယောက်ျားမိန်းမ သူငယ်တို့ကို တယောက်မျှ မကြွင်း စေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြ၏။
Deuteronomy 7:16သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်၌ အပ်ပေးတော်မူသော လူမျိုးအပေါင်းကို ဖျက်ဆီး ရမည်။ သင်၏မျက်စိသည် သူတို့ကို မသနားရ။ သူတို့ ဘုရားအား ဝတ်မပြုရ။ ဝတ်ပြုလျှင်၊ ထိမိ၍ လဲစရာ အကြောင်း ဖြစ်လိမ့်မည်။-
Joshua 6:17မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို ကျိန်၍ ထာဝရ ဘုရား၌ အပ်ရမည်။ သို့ရာတွင် ပြည်တန်ဆာရာခပ်သည် ငါတို့စေလွှတ်သော တမန်တို့ကို ဝှက်ထားသောကြောင့်၊ သူနှင့်တကွ သူ၏အိမ်၌ ရှိသမျှတို့အား အသက်ချမ်းသာ ပေးရမည်။
Judges 20:3ဣသရေလအမျိုးသားတို့သည် မိဇပါမြို့သို့ သွားကြောင်းကို ဗင်္ယာမိန်အမျိုးသားတို့သည် ကြားသိကြ၏။ ဣသရေလအမျိုးသားတို့က၊ ထိုအဓမ္မအမှုကား အဘယ်သို့နည်းဟု မေးမြန်းလျှင်၊-
Ezra 10:16သိမ်းသွားခြင်းကို ခံရသော အမျိုးသားတို့သည် ဝန်ခံကြသည်နှင့်အညီ၊ ယဇ်ပုရောဟိတ်ဧဇရသည် ရွေး ချယ်၍ အဆွေအမျိုးအလိုက် အမည်များကို မှတ်သား သော အဆွေအမျိုးသူကြီးတို့သည် ဒသမလတရက်နေ့ တွင် ထိုအမှုကို စစ်ကြောခြင်းငှါ ထိုင်နေကြ၏။