တရားဟောရာကျမ်း 21:14
နောက်တဖန် သူ့ကို မချစ်လျှင်၊ သူ့အလိုအ လျောက်သွားသောအခွင့်ကို ပေးရမည်။ သူ့ကိုရှုတ်ချ သောကြောင့် ငွေနှင့်မရောင်းရ၊ ကျွန်အရာ၌ မထားရ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 21:7အဘသည် သမီးကို ကျွန်ခံစေခြင်းငှာ ရောင်းလျှင် ထိုမိန်းမသည် ကျွန်ယောက်ျားကဲ့သို့ လွတ်ရသည် မဟုတ်။
Deuteronomy 22:19ငွေတပိဿာကို လျော်စေ၍၊ မိန်းမ၏ အဘ အား ပေးရမည်။ အကြောင်းမူကား၊ ဣသရေလအမျိုး ကညာ၏ အသရေကို ထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ၏မယားဖြစ်ရမည်။ တသက်လုံး ထိုမိန်းမနှင့်မကွာရ။
Deuteronomy 22:29ထိုယောက်ျားသည် မိန်းမ၏ အဘအား ငွေ ငါးဆယ်ကို လျော်ရမည်။ ထိုမိန်းမသည်လည်း သူ၏ မယားဖြစ်ရမည်။ သူ့ကို ရှုတ်ချသောကြောင့် တသက်လုံး မကွာရ။